5 w - Translate

တရုတ်-မြန်မာနယ်စပ်ကကြောက်စရာ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းတွေကို အခြေခံရိုက်ကူးထားတာပါ။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း မူဆယ်၊လောက်ကိုင်တိုလို တရုတ်-မြန်မာနယ်စပ်မြိုတွေကနေ တာချီလိတ်၊မြဝတီတိုလို ထိုင်း-မြန်မာနယ်စပ်မြိုတွေအထိ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြတဲ့

အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ("ကျာ့ဖြန့်"လို အလွယ်ခေါ်ကြတဲ့လုပ်ငန်း)မှာ ခိုင်းစေခံရတဲ့ လူတွေရဲ့ဘဝဇာတ်ကြောင်းပါ။

ဇာတ်လမ်းမှာတော့ ဇာတ်လိုက်မင်းသားက ပရိုဂရမ်မာ၊မင်းသမီးက မော်ဒယ်တစ်ယောက်ပါ။

သူတိုနှစ်ဦးဟာ လောဘကြောင့် လူကုန်ကူးခံရပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်တဲ့ အဖွဲအစည်းအောက်ကို ရောက်သွားခဲ့တယ်။

ကျွန်စခန်းထဲမှာပဲ ပိတ်မိနေပြီး လိမ်လည်သူတွေအဖြစ်ခိုင်းစားခံခဲ့ရတယ်။

အဲဒီငရဲတွင်းထဲက သူတိုရဲ့ဘဝနဲ့ ငါးမြားချိတ်က လောင်းကစားသမားတွေရဲ့ ဘဝပျက်ခြင်းအကြောင်းတရားတွေကို  ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်...

image