5 ပတ် - ဘာသာပြန်ပါ။

ဘန်ကောက်မြို့ Vajira ဆေးရုံရှေ့ မြေပြိုမှုဖြစ်
ဧရာဝတီ၊ စက်တင်ဘာ ၂၄၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဗာဂျီရာ (Vajira) ဆေးရုံရှေ့တွင် ယနေ့ နံနက်၌ လမ်းမြေပြိုကျမှုဖြစ်ပွားခဲ့ရာ ပေ ၁၆၀ ကျော် အနက်ရှိ တွင်းကြီးဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
အဆိုပါ လမ်းမြေပြိုကျမှု ဧရိယာသည် ၉၈ ပေ ပတ်လည်ခန့်ရှိပြီး ဆေးရုံအနီးရှိ Samsen ရဲစခန်းရှေ့အထိ ပြိုကျမှု တဖြည်းဖြည်း တိုးလာနေကြောင်း၊ ဆေးရုံအနီးတဝိုက် ဧရိယာများကို လမ်းပိတ်လိုက်ကြောင်း ကြေညာထားကာ ကနဦး စစ်ဆေးချက်များအရ ရေပိုက်လိုင်းတခု ပေါက်ကွဲမှုကြောင့် လမ်းပြိုကျခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့မြေပြိုကျမှုကြောင့် ဆေးရုံအနီး နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လူနာများနှင့် အနီးဝန်းကျင် နေထိုင်သူများကို မီးသတ်နှင့်ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေသည်။
ဓာတ်ပုံ - Khaosod English/ The Reporters

image