#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရောဂါသုံးမျိုး တိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေအတွက် ဒေါ်လာတစ်ဘီလီယံနီးပါး ဘီလ်ဂိတ်စ် လှူဒါန်းမည်
အမေရိကန်ပြည်ထောင်စု အခြေစိုက် ဂိတ်စ်ဖောင်ဒေးရှင်းသည် အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက် ရေးဆိုင်ရာ ကမ္ဘာ့ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး ထည့်ဝင်လှူဒါန်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ဂိတ်စ်ဖောင်ဒေးရှင်းအနေဖြင့် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ် ငန်းများဆိုင်ရာ ကမ္ဘာ့ရန်ပုံငွေ အတွက် အမေရိကန်ဒေါ်လာ ၉၁၂ သန်း ထည့်ဝင်လှူဒါန်းမည်ဖြစ် ကြောင်း အမေရိကန်ပရဟိတသမား မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
ယင်းအပြင် နိုင်ငံတကာကျန်းမာရေးရန်ပုံငွေများ လျှော့ချဖြတ် တောက်မှုများကို ရပ်တန့်ကြရန်လည်း ဘီလ်ဂိတ်က ကမ္ဘာ့အစိုးရများကို တိုက်တွန်းထားသည်။
ကျန်းမာရေးရန်ပုံငွေများ သိသိသာသာကျဆင်းခဲ့မည်ဆိုလျှင် ကမ္ဘာတစ်ဝန်းရှိ ကလေးသန်းပေါင်းများစွာတို့ သေခြင်းတရားနှင့် ဆောလျင်စွာ ရင်ဆိုင်ရနိုင်ကြောင်း ဘီလ်ဂိတ်က သတိပေးခဲ့သည်။
ဘီလ်ဂိတ်၏ အဆိုအရ နိုင်ဂျီး ရီးယားမြောက်ပိုင်းတွင် မွေးဖွားလာ သည့် ကလေးများမှာ အသက် ငါးနှစ် မပြည့်မီ အသက်ဆုံးပါးနိုင်ခြေ ၁၅ ရာ ခိုင်နှုန်းထိမြင့်တက်နေခဲ့ကြောင်း သိရသည်။
အမေရိကန်ဘီလီယံနာ သူကြွယ်ကြီး ဘီလ်ဂိတ်သည် ၎င်း၏ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာဘီလီယံ ၂ဝဝ နီးပါးစလုံးကို ၂ဝ၄၅ ခုနှစ် အရောက်အထိ နိုင်ငံတကာပရဟိတလုပ်ငန်းများအတွက် အပြီးအပြတ်လှူဒါန်းမည်ဖြစ်ကြောင်း ယခုအစပိုင်း တွင် ကတိပေးထားသည်။
နိုင်ငံတကာသုတေသနအဖွဲ့အစည်းများ၏ အဆိုအရ၂ဝ၂၄ ခုနှစ် နှင့် ၂ဝ၂၅ ခုနှစ် အကြားတွင် နိုင်ငံတကာ ဖွံ့ဖြိုးရေးရန်ပုံငွေ ပမာဏမှာ ၁၅ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ရကြောင်း သိရသည်။
ရိုက်တာ

image