5 w - Translate

ထိုင်းနိုင်ငံ ဖူးခက်မြေအောက်လမ်းတွင် ကား ၁၅ စီး တိမ်းမှောက်
စက်တင်ဘာ - ၂၃
ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ဖူးခက်ခရိုင် ဒါရာစမွတ်လမ်းဆုံရှိ မြေအောက်လမ်း အတွင်းကား ၁၅ စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကား ၁၅ စီး ပျက်စီးခဲ့ရပြီး သေဆုံးသူမရှိခဲ့ဘူးလို့ ကနဦး ထိုင်းသတင်းတွေက သတင်းရရှိထားပြီး ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် တွေကြောင့် လူတစ်ဦး ရင်ဘတ်အောင့် ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
ကားများတိမ်းမှောက်ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး Pol Wichit ရဲစခန်း က တာဝန်ရှိသူတွေနဲ့ ယာဉ်ထိန်းကွန်ရက်တွေက နေရာကိုသွားရောက် စစ်ဆေးတာတွေ ပြုလုပ်နေတယ်ပါတယ်။
လက်ရှိမှာ မြေအောက်လမ်းအတွင်း ယာဉ်အသွားအလာ ရှင်းလင်းနေပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နေရာကို ရှင်းလင်းဖို့ အချိန်ကြာမြင့်မှာဖြစ်လို့ လမ်းကိုယာယီပိတ်ထားကာ လမ်းအသုံးပြုသူတွေအနေနဲ့ လမ်းကြောင်းပြောင်းသွားဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

image