5 w - Translate

YBS ခရီးသည်ယာဉ်ကို Light Truck ယာဉ်မှ ဝင်တိုက် အမျိုးသား (၃) ဦး ဒဏ်ရာရ

နေပြည်တော်၊ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက်တွင် YBS ခရီးသည်ယာဉ်ကို Light Truck ယာဉ်မှ တိုက်မိရာ အမျိုးသား (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီအချိန်တွင် YBS ခရီးသည်ယာဉ်ကို Light Truck ယာဉ်မှ အနောက်ကနေ အရှိန်လွန်၍ တိုက်မိရာ ထို Light Truck ယာဉ်ခေါင်းထဲတွင် ညပ်နေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ နယ်မြေခံလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ကူညီကယ်ထုတ်ခဲ့ကြောင်း မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

“Light Truck ယာဉ်ပေါ်က အမျိုးသား ၃ ယောက် ဒဏ်ရာရတယ်လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထို Light Truck ယာဉ်ပေါ်မှ ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဦးမှာ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်ရရှိပြီး၊ ဒုတိယအမျိုးသားမှာ ဒူးရိုးတွင် ထိခိုက်ဒဏ်ရာနှင့် ကျန်အမျိုးသားမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

Photo-Credit

#democracynowmm

image