Yacon potato or Ground Apple(မြေအောက်ပန်းသီး)
ယာကွန်ဥသည် သဘာ၀ကပေးသော အလွန်အစွမ်းထက် ဆေးဖက်၀င်သည့် super food ဖြစ်သည်။
အရည်ရွှမ်းပြီး ကြွပ်ဆပ်ကာ
ချိုသောအရသာရှိသည့်အတွက်
မြေအောက်ပန်းသီးဟုပင် တင်စားခေါ်ဝေါ်ကြသည်။
ယာကွန်ဥတွင် ပါ၀င်သောအချိုဓာတ်သည်
သွေးချိုဆီးချိုဝေဒနာရှင်များအတွက်
အန္တရာယ်မရှိသောကြောင့်
ဆီးချိုဝေဒနာရှင်များစားလို့ရသည့်
အချိုပါသည့်အစားအစာဖြစ်သည်။
လတ်ဆတ်ပီးကြာကြာအထားခံအောင်
ခြင်းတစ်ခုထဲထည့်(or)အပြင်မှာဖြန့်ပီးထားထားပါရှင်။
စားခါနီးမှ စားမယ့်အလုံးလေးကိုပဲ
ရေဆေးပီးအခွံခွာ အစိမ်းစားရုံပါပဲရှင်။
ကျန်တဲ့အလုံးလေးတွေကို ရေမဆေးဘဲဒီအတိုင်းလေးပဲထားထားပါ အကြာကြီးခံတယ်ရှင်။
ပန်းသီးနဲ့အရသာဆင်ပီး ပန်းနံ့လေးရပါတယ်
ချိုချို ကြွပ်ကြွပ်လေးနှင့် စားလို့အရမ်းကောင်းပါတယ်။
🔺ခန္ဓာကိုယ်အတွင်းရှိ့Calcium, magnesium နှင့် phosphorusစသည့်ဓာတ်များကို
စုပ်ယူမှုအားကောင်းစေနိုင်သည့်အတွက်
အရိုး၏သိပ်သည်းမှု အားကောင်းစေနိုင်သောကြောင့်
အရိုး၊ အဆစ်သန်မာစေခြင်း
🔺ခန္ဓာကိုယ်အလေးချိန် လျှော့ကျစေရန်
အထောက်အကူပြုစေနိုင်ခြင်း (အဆီကျစေနိုင်ခြင်း)
🔺သွေးအတွင်းရှိ သကြားဓာတ်နှင့် အင်ဆူလင်း ပမာဏကိုထိန်းညှိပေးနိုင်သည့်အတွက်
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အထူးသင့်လျော်ခြင်း
🔺သွေးပေါင်ချိန်လျော့အောင်
ကူညီပံ့ပိုးစေနိုင်သည့်အတွက် သွေးတိုးရောဂါရှင်များပုံမှန်သုံးဆောင်ပေးပါက သွေးပေါင်ထိန်းညှိပေးစေနိုင်ခြင်း
🔺အ၀လွန်ခြင်းနှင့် ကိုယ်လက်စထရောပမာဏကို လျော့ကျစေနိုင်ခြင်း
🔺ကိုယ်ခံအားကောင်းစေနိုင်သည့်အပြင်
အရွယ်တင်နုပျိုစေနိုင်ခြင်း
🔺သွေးလည်ပတ်မှုအားကောင်းစေနိုင်သောကြောင့်
နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးရုတ်တရက်ရပ်ခြင်းတို့ကို ကာကွယ်စေနိုင်သည့်အပြင် သွေးတိုးရောဂါကို
သက်သာစေနိုင်သည်။
🔺ခန္ဓာကိုယ်အတွင်း အူလမ်းကြောင်းရှိ
အကျိုးပြုဘက်တီးရီးယားများ ရှင်သန်ဖွံ့ဖြိုးမှုကိုအားပေးအထောက်အကူပြုစေခြင်း
🔺ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော
အဆိပ်အတောက်နှင့်အညစ်အကြေးများကို
ရှင်းလင်းသန့်စင်စေခြင်း
🔺၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး
အူမကြီးကောင်းစွာအလုပ်လုပ်နိုင်စေရန်
အထောက်အကူပြုစေနိုင်ခြင်း
🔺အူမကြီးကင်ဆာဖြစ်ပွားမှုမှကာကွယ်စေနိုင်ခြင်း
🔺အသည်းဆဲလ် ဖြစ်ပေါ်မှုကို
အထောက်အကူပြုစေသောကြောင့်
အသည်းရောဂါဝေဒနာရှင်များအတွက် ကောင်းမွန်ခြင်း
ထို့ကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများလှသော
ယာကွန်ဥကို မဖြစ်မနေစားသုံးပေးသင့်သော
Super Food အဖြစ်သတ်မှတ်ကြပါသည်။
(crd)