မြက်ကြမ်းမစားတဲ့ နွားငယ်လေး(ပုံပြင်)
~~~~~~~~~~~~~~~~~~~~~~~~
တစ်ခါတုန်းက လယ်တဲတစ်ခုမှာ အလွန်ပျင်းတဲ့ နွားလေးတစ်ကောင်ရှိသတဲ့။ အဲဒီနွားလေးဟာ သူ့သခင် ဖြစ်တဲ့ လယ်ပိုင်ရှင် ရှာဖွေကျွေးတဲ့ မြက်နုတွေကိုသာ စား သောက်နေတာပေါ့။ ဒါကြောင့် အခြားကြမ်းတမ်းတဲ့ ကောက်ရိုးနဲ့ မြက်ခြောက်တွေကို မစားတတ်ဘဲ ဖြစ်နေ တာပေါ့ကွယ်။ တစ်နေ့ မှာ သူ့သခင်လယ်ပိုင်ရှင်ဟာ ခရီး သွားဖို့ ကြုံလာတော့ နွားလေးကို ပြောသတဲ့။
"နွားလေးရေ ငါ ခရီးထွက်ရမှာ အချိန်လည်း ကြာမြင့်မှာဖြစ်တယ်။ ဒီတော့မင်းကိုယ်တိုင် မြက်နုတွေကို ရှာဖွေပြီး စားသောက်ပါ၊"
နွားလေးလည်း သူ့သခင်လယ်ပိုင်ရှင်ခရီးထွက် သွားတာကြောင့် အစာရှာဖို့ လယ်ကွင်းထဲကို ထွက်လာခဲ့ တာပေါ့။ နွားလေးဟာ သူ့သခင်ရှာကျွေးတဲ့မြက်နုတွေကို စားနေရတော့ မြက်နုတွေဘယ်မှာရှိတယ်ဆိုတာကို မသိဘဲ ဖြစ်နေသတဲ့။
နွားလေးဟာ ဗိုက်ပြည့်အောင်စားဖို့ သူကြိုက်တဲ့ မြက်နုတွေကို ဘယ်လိုရှာရှာမတွေ့ဘဲဖြစ်နေလို့စိတ်ပျက် နေရှာသတဲ့။ အဲဒီအချိန်မှာ အစာစားနေတဲ့ နွားကြီး တစ်ကောင်ကို တွေ့ရှိပြီး-
"ဒီနွားကြီးက မြက်တွေကို အားရပါးရစားနေပါ လား။ငါစားချင်တဲ့မြက်နုတွေ ဘယ်မှာရှိတယ်ဆိုတာသိရ အောင် မေးမြန်းမှဖြစ်မယ်"
နွားလေးဟာ အဲဒီလိုတွေးပြီး အစာစားနေတဲ့ နွားကြီးကို-
“အသင်နွားကြီး ကျွန်ုပ်ကိုလည်း စားစရာမြက် ကောင်းများရှိရင် ညွှန်ပြပေးပါ"
နွားလေးရဲ့ အမေးစကားကိုကြားတော့ နွားကြီး က အထူးအဆန်းဖြစ်ပြီး ပြောဆိုလိုက်သတဲ့။
အသင်နွားလေးကျွန်ုပ်စားနေတာမြက်ကောင်း တွေ မဟုတ်လား၊ အသင်နွားလေးလည်း စားနိုင်ပါတယ်"
နွားလေးဟာနွားကြီးစကားကိုကြားပြီးမြက်ပင် တွေကို ကြည့်လိုက်တာပေါ့။ ဒါပေမဲ့ နွားလေးဟာ သူ စားနေကျမြက်နုတွေမဟုတ်ဘဲမြက်ကြမ်းတွေဖြစ်နေလို့
မစားနိုင်ဘဲ ဖြစ်နေသတဲ့။
"အသင်နွားကြီး ကျွန်ုပ် နေ့စဉ်စားနေကျ မြက် ဟာ အလွန်အရသာရှိတဲ့ မြက်နုတွေ ဖြစ်ပါတယ်။ ယခု တွေ့ရတဲ့ မြက်တွေဟာ မြက်ကြမ်းတွေဖြစ်လို့ မစားနိုင် ပါ” လို့ ပြောပြလိုက်တာပေါ့။ ဒီတော့ နွားကြီးက-
“အသင်နွားလေး အသင့်စကားအတိုင်း အသင် ဟာ သခင်ဖြစ်သူ ရှာဖွေကျွေးမွေးတဲ့မြက်နုကိုသာစားနေ ကျဖြစ်နိုင်တယ်။ အသင် ဗိုက်ဝဖို့အတွက်သာ အရေးကြီး လို့ မြက်နုမြက်ကြမ်းမရွေးသင့်ပါ” လို့ပြောဆိုတာပေါ့ကွယ်။ ဒီတော့ နွားလေးက-
"အသင်နွားကြီး ကျွန်ုပ်စားနေကျမြက်နုမဟုတ် လို့ မစားလိုပါ” ဟုပြောဆိုကာမြက်နုများကို စားသောက်ဖို့ ဆက်ပြီးရှာဖွေတာပေါ့ကွယ်။ နွားလေးဟာ မြက်နုတွေကို ရှာဖွေရင်း ချောင်းစပ်ကို ရောက်ရှိသွားသတဲ့။ ချောင်းစပ် မှာပေါက်နေတဲ့ မြက်တွေကို တွေ့ရလို့ဝမ်းသာအားရနဲ့ သွားကြည့်တာပေါ့။ ဒါပေမဲ့ နွားလေးဟာ သူကြိုက်တဲ့ မြက်နုတွေမဟုတ်လို့ စားဖို့ခက်သွားသတဲ့။
အဲဒီအချိန်မှာ ချောင်းစပ်မှာရှိတဲ့ သစ်ပင်ကြီးပေါ် မှာ နေထိုင်တဲ့ ဗျိုင်းတစ်ကောင်ဟာ နွားလေးမြက်တွေကို တွေ့ပြီး မစားဘဲနေတာကို တွေ့ရှိလို့ အံ့ဩနေတာပေါ့။ အဲဒါကြောင့် နွားလေးကို မေးမြန်းလိုက်သတဲ့။
“အသင်နွားလေး မြက်တွေကို တွေ့ရှိပါလျက်နဲ့ အဘယ့်ကြောင့် မစားဘဲ ကြည့်ရှုနေပါသလဲ။ အခြားနွား တွေကအသင့်လိုမဟုတ်ပါ။ချောင်းစပ်နားကမြက်တွေကို တွေ့ရှိလျှင် ပျော်ရွှင်စွာ စားသောက်နေတာကို တွေ့ရပါ တယ်" ဗျိုင်းရဲ့စကားကို ကြားတော့ နွားလေးက-
*အသင်ဗျိုင်းပြောသလို ကျွန်ုပ်ဒီလိုကြမ်းတမ်းတဲ့
မြက်တွေကို မစားနိုင်ပါ။ ကျွန်ုပ်ရဲ့ သခင်ရှာဖွေကျွေးတဲ့ မြက်နုတွေကိုသာ စားသောက်နေကျဖြစ်ပါတယ်" လို့ ပြောဆိုလိုက်သတဲ့။ နွားလေးစကားကို ကြားတော့ ဗျိုင်း က
*အသင်နွားလေး အသင့်သခင် ရှာဖွေကျွေးမွေး တဲ့မြက်နုတွေကိုသာ တောင့်တမနေပါနဲ့။ အသင်နွားလေး ကိုယ်တိုင် မြက်အကြောင်းကို သိရအောင် ဇွဲလုံ့လထားပြီး ရှာဖွေစားသောက်သင့်ပါတယ်” လို့ ပြောဆိုတာပေါ့။ နွား လေးလည်းဗျိုင်းစကားကိုကြားပြီး မြက်နုတွေစားဖို့ ရှာဖွေ သတဲ့။ ဒါပေမဲ့ သူကြိုက်တဲ့မြက်နုတွေ ရှာမတွေ့လို့ မြက် ကြမ်းတွေကိုပဲ ဗိုက်ပြည့်အောင် စားလိုက်ရတော့တာပေါ့၊
အဲဒီလိုနဲ့ နွားလေးဟာ သူ့သခင်ပြန်မရောက်ခင် ချောင်းစပ်မှာရှိတဲ့ မြက်တွေကို စားနေရတာပေါ့ကွယ်။ တစ်နေ့ သူ့သခင်ပြန်လာပြီးနွားလေးကိုကြည့်လိုက်တော့ အလွန်ဝဖြိုးနေတာကို တွေ့လိုက်ရသတဲ့။
"နွားလေးဟာငါမရှိတုန်း မြက်နုတွေမစားရပေမဲ့ အခြားမြက်တွေကို ရှာဖွေစားတတ်နေပါလား"
နွားလေးရဲ့သခင်က အဲဒီလိုတွေးပြီး နွားလေး စားဖို့ မြက်နုတွေကို ရှာဖွေပြီး ကျွေးမွေးတာပေါ့ကွယ်။ နွားလေးလည်းသူ့သခင်ရှာဖွေကျွေးမွေးတဲ့ မြက်နုတွေကို မစားဘဲနေတာပေါ့။နွားလေးရဲ့ အခြေအနေကို ရိပ်စားမိတဲ့ သူ့သခင်က နွားလေးကို အစာရှာဖွေစားဖို့ လယ်ကွင်းထဲကို လွှတ်လိုက်သတဲ့။
နွားလေးလည်း မြက်တွေရှိရာကိုအပြေးသွားပြီး ရှာဖွေစားသောက်နေတာပေါ့။ နွားလေးရဲ့ ပြောင်းလဲသွား တဲ့အဖြစ်ကို တွေ့လိုက်ရတဲ့ ဗျိုင်းက မေးမြန်းလိုက်သတဲ့။
*အသင်နွားလေး အသင်ရဲ့သခင် ပြန်လာပြီ မဟုတ်လား၊ အသင့်ရဲ့သခင်ကအသင်ကြိုက်တဲ့မြက်နုတွေ ကို ရှာဖွေမကျွေးလို့ တခြားမြက်တွေကို လာစားနေတာ
လား။
ဗျိုင်းလေးရဲ့စကားကို ကြားတော့ နွားလေးက တုံ့ပြန်ပြောဆိုတာပေါ့ကွယ်။
“အသင်ဗျိုင်း ကျွန်ုပ်သခင်က ကျွန်ုပ်စားဖို့အတွက် မြက်နုမြက်ကောင်းတွေကိုရှာဖွေကျွေးမွေးပါတယ်။ ဒါပေမဲ့ အသင်ဗျိုင်းရဲ့ စကားအတိုင်းကျွန်ုပ်ကိုယ်တိုင် ဇွဲလုံ့လထား ပြီး ရှာဖွေမစားခဲ့ခြင်းကို တွေးမိပြီး အလိုလို ရှက်ရွံ့လာမိပါတယ်။ယခုအချိန်ကစပြီး ကျွန်ုပ်ကိုယ်တိုင် မြက်များကို ရှာဖွေစားသောက်တော့မှာ ဖြစ်ပါတယ်"
နွားလေးစကားကိုကြားလျှင် ဗျိုင်းက-
"နွားလေးဟာ ငါရဲ့ စေတနာစကားကို လိုက်နာ တာကြောင့် ငါ့ရဲ့ မိတ်ဆွေဖြစ်ချေပြီ” လို့တွေးကာ နွားလေး အစာရှာဖွေတိုင်း နွားလေးကျောပေါ်မှာ လိုက်ပါတာပေါ့ ကွယ်။နွားလေးလည်းမိတ်ဆွေစစ်ဖြစ်တဲ့ဗျိုင်းလေးနဲ့အတူ လယ်ကွင်းထဲမှာ ပျော်ရွှင်စွာ အစာရှာဖွေစားသောက်နေ တာပေါ့ကွယ်။ ။