အိပ်ယာထချိန်မှာ သတိရပြီး
အိပ်ယာဝင်ချိန် သတိတရရှိနေရင်
ဆယ်နှစ်လောက်ထိ
မေ့ဖို့ခက်တယ်လို့ကြားဖူးတယ်
နှစ်တစ်ရာထိတောင် ငါမေ့နိုင်ပါ့မလားကွယ်

မင်းစိတ်နဲ့ပဲနိုးထ
မင်းစိတ်နဲ့ပဲအိပ်လို့ရတဲ့ဘဝမှာ
မင်းမရှိရင် ငါ့အနာဂတ်က
ဟင်းလင်းပြင်ကြီး ဖြစ်လို့နေပါပြီ

-ထွန်းဟိန်းယံ