❝ယခုနှစ် စက်တင်ဘာ လလယ်ထိ YBS ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၃ ဦးရှိ❞

စက်တင်ဘာ ၂၃

ယခု ၂၀၂၅ ခုနှစ် စက်တင်ဘာ လလယ်ထိ YBS ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၃ ဦးရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရပါတယ်။

အဲဒီ သေဆုံးသူ ၂၃ ဦးထဲမှာ ၉ ဦးလောက်ဟာ လမ်းသွားလမ်းလာတိုက်မိမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး အရေအတွက်အများဆုံးဖြစ်တယ်လို့လည်း YRTC တွဲဖက်အတွင်းရေးမှူးက ပြောဆိုထားပါတယ်။

ကျန်တာတွေကတော့ ယာဥ်အချင်းချင်း ယှဉ်ပြိုင်ကျော်ဖြတ်မောင်းနှင်ရာကနေ တိုက်မိတာတွေဖြစ်သလို လမ်းဖြတ်ကူးသူ မမြင်ကွယ်ရာကထွက်လာတာတွေကြောင့် တိုက်မိတာတွေလည်းပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘေးတံခါးဖွင့်မောင်းနှင်လို့ ခရီးသည်ပြုတ်ကျ ထိခိုက်သေဆုံးရတာလည်း ၂ ဦးရှိခဲ့ပြီး အဲဒီအရေအတွက်ဟာ အရင်နှစ်နဲ့ယှဉ်ရင် သိသိသာသာလျော့ကျခဲ့တယ်လို့လည်း သိရပါတယ်။

ဒါကြောင့်မို့လို့ ယာဉ်မောင်းတွေအနေနဲ့ဂရုစိုက်မောင်းနှင်ဖို့လိုသလို လမ်းသွားလမ်းလာတွေ အနေနဲ့လည်း ကားလမ်းဖြတ်မယ်ဆို ဘေးဘက်တွေသေချာကြည့်ကူးကျော်ဖြတ်ဖို့လိုတယ်လို့ YRTC က အကြံပြုထားပါတယ်။

#centralnewsnaypyitaw

image
image
image
image