5 ပတ် - ဘာသာပြန်ပါ။

◾️အသစ်ထုတ်ဝေမည့် YPS တစ်ကတ်လျှင် ၁၅၀၀၀ ကျပ်ဖြင့်ရောင်းချမည်
ရန်ကုန်မြို့အတွင်း YBS စီးနင်းသွားလာသူများအတွက် Yangon Payment Services မှ သီတင်းကျွတ်အမှတ်တရ YPS ကတ်အသစ်များထပ်မံထုတ်လုပ်မည်ဖြစ်ပြီး တစ်ကတ်လျှင် ၁၅၀၀၀ ကျပ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်း ယင်ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
YPS ကတ်အသစ်များ၏ကတ်ထဲတွင် သီတင်းကျွတ်အမှတ်တရလက်ဆောင် ၅၀၀၀ ကျပ် ငွေဖြည့်သွင်းပေးထားကြောင်းYangon Payment Services မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"သီတင်းကျွတ်ကာလရောက်တော့မယ်ဆိုတော့ သီတင်းကျွတ်လက်ဆောင်၊ သီတင်းကျွတ်အမှတ်တရ အနေနဲ့ပေးဖို့ YPS ကတ်အသစ်တွေကိုထုတ်တာပါ။ လက်ရှိကတ်အတွက် တခြားဝန်ဆောင်မှုတွေတော့ မပါဘူး” ဟု ၎င်းကပြောသည်။
YBS စီးသည့်ခရီးသည်များ ယာဉ်စီးခအတွက်ငွေအကြွေရှားပါးသည့်အခက်အခဲများမရှိစေရန် ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ ကတ်စနစ်ဖြင့်ငွေပေးချေနိုင်သည့် Yangon Payment Service စနစ်ကို ၂၀၂၀ ပြည့်နှစ်တွင်စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
"သီတင်းကျွတ်အမှတ်တရအနေနဲ့ ဒီဇိုင်းသစ် YPS ကတ်အသစ်ထပ်မံထုတ်လုပ်တာကိုလက်ခံပါတယ်။ ဒါပေမယ့် ကတ်ဖိုးကတော့များတယ်။ တကယ်ဆိုဒီကတ်တွေကအခမဲ့ပေးပြီး အသုံးပြုဖို့အတွက် ငွေ ၁၅၀၀၀ ထည့်ရမယ်ဆိုရင်ကောင်းတာပေါ့။ ဒါမှမဟုတ်ကတ်ဖိုး ၂၀၀၀ လောက်တောင်းပေါ့။ အခုကတ် ဖိုးကကျပ် ၁၀၀၀၀ ဆိုတော့များပါတယ်" ဟု မြောက်ဥက္ကလာပမြို့နယ်မှ ခရီးသည်တစ်ဦးက ပြောသည်။
လက်ရှိတွင် ငွေဖြည့်သွင်းရန်သတ်မှတ်ထားသည့်ဆိုင်များ၊ Service Center များတွင် ငွေဖြည့်သွင်း၍မရသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသကဲ့သို့ တချို့ YBS ယာဉ်လိုင်းများမှာ YPS ကတ်စနစ်အသုံးပြု၍မရကြောင်း၊ တချို့ယာဉ်လိုင်းများမှာ အဆိုပါစက်အားဖြုတ်ထားကြကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
YPS ကတ်နှင့် YPS QR Code တို့ကိုအသုံးပြု၍ YBS စီးနင်းပါက ငွေသားဖြင့်ပေးချေသည့် ယာဉ်စီးခနှုန်းထားထက် သက်သာသည့်နှုန်းထားဖြင့် စီးနင်းနိုင်ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image