5 ပတ် - ဘာသာပြန်ပါ။

ကြက်ဘဲဈေးအရှေ့တွင် ယာဉ် (၃) စီး ဆင့်တိုက်(၂) ဦးသေ၊ (၃) ဦးဒဏ်ရာရ

စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက် သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေး အရှေ့တွင် ယာဉ် (၃) စီးဆင့်တိုက်မှုကြောင့် အမျိုးသား (၂) ဦးသေဆုံးပြီး၊ (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက် နံနက် ၄ နာရီ ၁၀ မိနစ်အချိန်တွင် ကြက်တင်သည့် ယာဉ်များဆင့်တိုက်မှုကြောင့် အခင်းနေရာတွင် အမျိုးသားတစ်ဦးသေဆုံးပြီး ဆေးရုံတွင် အမျိုးသားနောက်ထပ်တစ်ဦး သေဆုံး၍ အမျိုးသား (၃) ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုနေရာသို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ တာမွေမြို့နယ်မီ သတ်စ ခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ တာမွေမြို့နယ် မီးသတ်စခန်းမှ ၁၉၁ ယာဉ် (၁) စီးတို့မှ ယာဉ်ထဲတွင် ညှပ်နေသည့် အမျိုးသားကို ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မြို့ခံလူမှုကူ ညီရေးအသင်းများမှ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo-Credit

#democracynowmm

imageimage
+7