သခွားသီးသုပ်
*************
သခွားသီးခြစ်ပီး
ကြက်သွန်နီပါးပါးလှီးထည့်
သံပုရာသီး ညှစ်ထည့်
ကြက်သွန်နီ ဆီချက်ဖပ် & ဆီသတ်ဆီ
ပုစွန်ခြောက်မှုန့်,ဟင်းခပ်မှုန့်,ငံပြာရည်
👉 အားလုံးရောနယ်ပီးသုပ်ပါ။
တခါတရံ အသားတွေမစားချင်တဲ့အခါ
သခွားသီးသုပ်ကို သခွားသီးသုပ်ရည်လေး စမ်းပီးစားရင်
အရမ်းစားကောင်းပါတယ်။
ဆီ မထည့်ပဲ သုပ်လည်း စားကောင်းပါတယ်။
သက်သက်လွတ်ဆိုရင်တော့ ပုစွန်ခြောက်မှုန့် မထည့်ပဲသုပ်ပါ။
အချို့ကတော့ ပုစွန်ငါးပိ,နံနံပင်,ပင်စိမ်း ထည့်သုပ်ကြပါတယ်။
ကျမကတော့ ဒီတိုင်းသုပ်စားတာလေးပဲကြိုက်ပါတယ်။
______________________________________________________
💎 နောက်တစ်နည်း 💎
*********************
သခွားသီးခြစ်ပီး
ကြက်သွန်နီပါးပါးလှီးထည့်
သံပုရာသီး ညှစ်ထည့်
ဟင်းခပ်မှုန့်, ပုစွန်ခြောက်မှုန့်,,ပုစွန်ငါးပိထောင်း
👉 အားလုံးရောနယ်ပီးသုပ်ပါ။
______________________________________________________
အချို့သခွားသီးက ခါးတတ်တော့ သခွားသီးကို
ခါးလား ချိုလား အရင် စမ်းစားပီးမှ သုပ်ပေးပါ။
ကျမကတော့ သခွားသီးနုလေးတွေ သုပ်စားရတာပိုကြိုက်ပါတယ်။
ချိုချိုလေးမို့ပါ။
Credit..
