3 ပတ် - ဘာသာပြန်ပါ။

ကြက်ဘဲစျေးရှေ့မှာ ကားသုံးစီးဆင့်တိုက် နှစ်ယောက်သေဆုံး သုံးယောက်ထိခိုက်ဒဏ်ရာရ
စက်တင်ဘာ - ၂၃
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ဘဲစျေးရှေ့မှာ ကားသုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှခဲ့ပါတယ်။
ယနေ့စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ငါးတင်လာ တဲ့ကားက အရှေ့မှာရပ်ထားတဲ့ ကြက်ကားကို ဝင်တိုက်မိပြီး ကြက်ကားမှတဆင့် ရှေ့မှနောက်ထပ် ကားတစီးကို ထပ်မံဝင်တိုက်ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
ကားတိုက်မှုကြောင့် သေဆုံးသူအမျိုးသားနှစ်ယောက်မှာ အသက် ၃၀ ကျော်အရွယ်တွေဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိသူတွေအထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရသူတွေပါရှိပြီး လက်ရှိမှာတော့ အားလုံး ကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ ကူညီရေးတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။

image