ကျန်းမာရေးနဲ့ညီညွတ်ပြီး နှလံုးကျန်းမာရေးကို ကောင်းမွန်စေတဲ့ ထောပတ်သီးလေးကို အိမ်မှာအိုးလေးနဲ့ အလွယ်တကူစိုက်ပျိုးနိုင်
မယ့် နည်းလေး မင်မင်က ဒီနေ့မျှဝေပေးသွားပါမယ်ရှင်။
🥑🥑🥑 အိမ်တွင်းထောပတ်သီး စိုက်ပျိုးနည်း 🥑🥑🥑
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🥑🥑ပထမဦးဆံုး ထောပတ်သီးအစေ့ကိုယူပြီး သွားကြားထိုးတံ ၄ချောင်းနဲ့ အလယ်နေရာကိုမှန်းပြီးတော့ အကွာအဝေးတူညီအောင်
စိုက်ပေးပါရှင်။
🥑🥑 ပံုမှာပြထားတဲ့အတိုင်း သွားကြားထိုးတံစိုက်ထားသော ထောပတ်သီးစေ့ကို ရေခွက်ထဲတွင် ရေမြုပ်အောင်ထားပေးပြီး ရေခွက်ကို နေရောင်တိုက်ရိုက်မရနိုင်မယ့်နေရာမှာ ၂ပတ်ကနေ ၆ပတ်အထိ ထားပေးပါရှင့်။
🥑🥑အဲဒီအချိန်အတွင်းမှာပဲ အမြစ်နဲ့ အကိုင်းအခက်တွေစထွက်
လာပြီး အကိုင်းအခက်တွေ ၆လက်မလောက်ရှည်လာသည့်အခါတွင် ပိုပြီးသန်မာတဲ့ အကိုင်းအခက်နဲ့အမြစ်တွေ ထပ်ထွက်လာစေရန် အတွက် ၃လက်မလောက်ထိ ဖြတ်ပစ်ပေးဖို့ လိုပါတယ်ရှင်။
🥑🥑ထို့နောက် မြေချစိုက်ဖို့အတွက် အိုးထဲကို မြေဆွေးစပ်ထား
သော မြေကိုထည့်ပြီး အလယ်တည့်တည့်မှာ အလယ်တည့်တည့်မှာ အပင်ပေါက်နေသော ထောပတ်သီးအစေ့ကို ထည့်ပေးပါရှင့်။ ပြီးရင်တော့ အမြစ်လေးတွေကို မြေပြန်အုပ်ထားပေးပါရှင်။
🥑🥑ရေအနည်းငယ်ကို နေ့စဥ်ပံုမှန်လောင်းပေးပြီးတော့ အပင်ကြီး
ထွားလာတာကို စောင့်ပေးပါရှင်။ အရွက်ကလေးတွေ အဝါရောင်ဖြစ်
လာတယ်ဆိုရင် ရေပမာဏနည်းလို့ဖြစ်ပြီး အညိုရောင်ပြောင်းလာပြီဆို
ရင်တော့ ရေကောင်းကောင်းမရလို့ဆိုတာ သတိထားပေးဖို့ လိုပါ
တယ်ရှင်။

image