ဒီစာအုပ်လေးက ဆရာမနုနုရည်အင်းဝက လွန်ခဲ့တဲ့နှစ်ပေါင်း (3ကရေးခဲ့တာကို အခုထိလက်တွေ့ဆန်နေသေးတာကတော့ စိတ်မကောင်းစရာပါ
ဘွဲ့ရပညာတက်ဖြစ်ပေမယ့် ကိုယ်ရထားတဲ့ဘွဲနဲ့ လုပ်နေရတဲ့အလုပ်ကတစ်ထပ်တည်းမကျ
ဝါသနာမပါတဲ့အလုပ်ကို စားဝတ်နေရေးအဆင်ပြေစေဖို့၊ မိသားစုလေးအဆင်ပြေစေဖို့၊ ချစ်ရသူလေးကိုပျော်ရွှင်အောင်ထားနိုင်ဖို့ကြိုးစားလုပ်နေရတဲ့အဖြစ်
ဒီလိုအခြေနေတွေကိုကိုယ်တစ်ယောက်တည်းရင်ဆိုင်နေရတာလားဆိုတော့လည်းမဟုတ်ပြန်
သင်္ဘောလိုက်ဖို့အတွက်ရှိသမျှပစ္စည်းကို ပေါင်နှံရောင်းချပြီး ပွဲစားတွေဆီပုံအောလိုက်ပေမယ့် အလိမ်ခံလိုက်ရတဲ့သူငယ်ချင်းတွေ ကန်စွန်းရွှက်ကိုထမင်းအိုးထဲထည့်ပြီး နူးအောင်ပြုတ်စားရတဲ့အဖြစ်တွေ
အလုပ်ကမရ အကြံကုန်တော့ 15 ရက်တစ်ခါထွက်တဲ့ချဲကိုစီးပွားရေးထွက်ပေါက် အနေဖြင့်မြင်ပြီးအားကိုးရတဲ့အဖြစ်တွေ
အက်စစ်နဲ့တောင်ကစားပြီးအလုပ်လုပ်ရတဲ့အလုပ်ကိုတောင် ရဖို့မလွယ်တဲ့အဖြစ်
သင်တန်းတွေအစုံတက်ပြီး ဖြေလိုက်ရတဲ့စာမေးပွဲတွေကမအောင်
အလုပ်တစ်ခုရဖို့အတွက် ချစ်ရတဲ့သူကိုချန်ထားရစ်ပြီး မချစ်မနှစ်သက်သူကိုယူရတဲ့အဖြစ်တွေ
ဘဝကရတာမလို လိုတာမရအဖြစ်တွေကို လက်တွေ့ကျကျရေးပြထားတဲ့စာအုပ်လေးမို့ဖတ်သင့်တဲ့စာအုပ်လေးပါ။
နှစ်(3ကျော်ကြာတဲ့အထိ ဒီစာအုပ်ထဲကအကြောင်းအရာတွေကလက်တွေ့ဆန်နေသေးတာကတော့ စိတ်မကောင်းစရာပေါ့။
#နုနုရည်အင်းဝ
#ခေါင်းမော့လိုက်တော့မင်းခေါင်းငုံ့လိုက်တော့သူ
Credit to original