⚛ ကော်ဖီဖျော်တာ_ဇွန်းမရှာချင်တာနဲ့ ⚛
ရေနွေးထည့်ပြီး_သူ့အိတ်နဲ့ပဲမွှေလိုက်တော့တယ် 😅
အလွယ်လမ်း_လိုက်ကြမလား ❓
အိတ်အရှည်နဲ့ ကော်ဖီထုပ်လေးတွေဆို ပိုတောင်အဆင်ပြေသေးတယ် ရေနွေးက လက်မပူတော့ဘူးလေ။ ဇွန်းလည်း မဆေးရတော့ဘူး 😁
ကျန်းမာရေးရှုထောင့်က ကြည့်ရရင်တော့ မလုပ်ကြပါနဲ့
1. ပလတ်စတစ်အိတ်ဖြစ်လို့ အပူနဲ့ ပလတ်စတစ်ဓာတ်ပြုတဲ့အခါ ဘေးအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ထွက်လာပြီး ရေနွေးထဲကိုပျော်ဝင်သွားတတ်ပါတယ်။
ဘာဓာတုပစ္စည်းတွေလဲ 👉 Styrene, Melamine, Benzene, Toluene, စတာတွေပါ
အနည်းဆုံးဗိုက်အောင့် ဗိုက်နာဖြစ်စေခြင်းမှ သည် အစာအဆိပ်သင့်သည်အထိ ဆိုးဝါးနိုင်ပါတယ်
2. ဆိုင်တွေမှာ ဒီတိုင်း ချိတ်ဆွဲထားတာဖြစ်စေ ၊ အိတ်ထဲကပဲ ဖောက်လိုက်တာဖြစ်စေ မမြင်ရတဲ့ ပိုးမွှားပေါင်းများစွာကပ်ငြိနေပါတယ်
အဲ့ဒီ အန္တရာယ်ရှိတဲ့ ပိုမွှားများစွာကို ရေနွေးစိမ်ပြီး သောက်လိုက်သလိုဖြစ်ပါလိမ့်မယ်
အဲ့လိုပါပဲ ပလတ်စတစ်ခွက်တွေနဲ့ Coffee, Tea စတဲ့ အပူတွေ မသောက်သင့်ပါဘူးဗျာ
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ