Book Review (1)
Sapiens (A brief history of humankind)
ဆေပီယန်စ် (လူသားမျိုးနွယ် သမိုင်းအကျဥ်း)
ဒီစာအုပ်လေးနဲ့ပတ်သတ်ပြီး review ရေးထားတာ ရှိသင့်တယ်ထင်လို့ ရေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စာအုပ်တစ်အုပ်ဝယ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အကြောင်းအရာဟုတ်မဟုတ် review လေးတွေအရင်ဖတ်ပြီးမှ ဝယ်တာများပါတယ်။
ခေါင်းစဥ်က ဆေပီယန်စ်....ဆေပီယန်စ် (Sapiens) ဆိုတာ အခုလက်ရှိ ၂၁ရာစု ကျွန်တော်တို့လူသားမျိုးစိတ်ကို သိပ္ပံပညာရှင်တွေ ခေါ်ဝေါ်တဲ့ လက်တင်စကားလုံးပါ
Homo = man or human, Sapiens = wise or one who knows...ဆိုတော့ wise man ဥာဏ်ပညာရှိတဲ့ လူသားမျိုးစိတ်လို့ အဓိပ္ပါယ်ပေါက်ပါတယ်။
ဒီစာအုပ်က ဘာအကြောင်းလဲဆိုတာကို စကားလုံးတစ်လုံးတည်းနဲ့ပြောပါဆိုရင် လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲ တိုးတက်လာပုံ လို့ပြောရမယ်ထင်တယ်။ ကမ္ဘာမြေကြီးစတင်ပေါ်ပေါက်၊ တိရိစ္ဆာန်တွေ ကျောက်ခေတ်လူသားတွေက စပြီး ယနေ့သိပ္ပံခေတ်အပြင် နောင်အနာဂတ်မှာ ဇီဝပြောင်းလဲမှုနည်းပညာတွေ၊ ဆိုက်ဘော့နည်းပညာတွေနဲ့ တခြားလူသားမျိုးစိတ်တွေပေါ်ပေါက်လာနိုင်ပုံအထိ ရေးထားပါတယ်။
မူရင်းစာရေးဆရာက အစ္စရေးက ဂျေရုစလင်တက္ကသိုလ်ပါမောက္ခ ယူဗယ်နိုရာဟာရာရီ ပါ။ ဟီဘရူးဘာသာစကားနဲ့စတင်ရေးသားပြီး အဂ်လိပ်ဘာသာနဲ့ ၂၀၁၄ မှာစတင်ထုတ်ဝေပါတယ်။ သူ့ရဲ့အယူအဆတွေနဲ့ပတ်သတ်ပြီး နိုင်ငံတကာမှာတော်တော်လေး ဂယက်ရိုက်သွားတာပါ။ ဒီစာအုပ်ရဲ့ series တွေအနေနဲ့ Homo Deus (A brief history of tomorrow) နဲ့ 21 lessons for the 21st century) ကို ၂၀၁၅ နဲ့ ၂၀၁၈ မှာ ဆက်တိုက်ထုတ်ထားပါတယ်။
ဒီ series ၃အုပ်လုံးကို ညီနောင် (humber) ကဘာသာပြန်ထားပြီး မြန်မာဘာသာနဲ့ထုတ်ဝေပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ဘာသာပြန်ဆရာရဲ့အရည်အချင်းကို အသိအမှတ်ပြုချင်ပါတယ်။ ဘာသာပြန်စာအုပ်တစ်အုပ်လို့ မခံစားရစေပဲ မူရင်းစာအုပ်ရဲ့ ထေ့လုံးလေးတွေ၊ ရှုပ်နေတဲ့အကြောင်းအရာတွေကို နားလည်လွယ်အောင်ရေးတတ်တာတွေ၊ ဘာသာပြန်တတ်ရုံမကပဲ အကြောင်းအရာကိုသေချာနားလည်ပြီးမှ ပြန်ရေးထားတဲ့ပုံပေါ်ပါတယ်။ (translation skill 10/10 rating ပါ)။ မူရင်းစာရေးဆရာနဲ့ဘာသာပြန်ဆရာရဲ့ ကောင်းကွက်တွေကြောင့် စာအုပ်က သုတတွေနဲ့ချည်းပြည့်နေပေမယ့် ထူးထူးခြားခြားရသလေးတွေကိုခံစားရစေပါတယ်။
အပိုင်း(၁) မှာ အာဖရိအရှေ့ပိုင်းက မျောက်ဝံတွေက တစ်ဆင့် ကျွန်တော်တို့လူသားမျိုးစိတ်တွေ ပထမဆုံး ဆင့်ကဲပေါ်ထွက်လာပုံကို ရေးထားပါတယ်။ အဲ့လူသားမျိုးစိတ်တွေက ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီး လူသားမျိုးစိတ် အများအပြားပေါ်ထွက်လာတာပါ။ အခုလက်ရှိကမ္ဘာပေါ်မှာ ဟိုမိုဆေပီယန်စ် ဆိုတဲ့ ကျွန်တော်တို့တစ်မျိုးပဲရှိတော့ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၁သိန်းဝန်းကျင်မှာ လူသားမျိုးစိတ် ၆မျိုးလောက် ရှင်သန်နေထိုင်ခဲ့တာပါ။ ဦးနှောက်အရွယ်အစား၊ ခန္ဓာကိုယ်အချိုးအစား၊ နေထိုင်တဲ့နေရာဒေသအလိုက် ပြုမူနေထိုင်ပုံ စသဖြင့်မတူကြပါဘူး။ ဒါက တော်တော်လေးအံ့သြဖို့ကောင်းတာပါ။ ကျွန်တော်တို့ ဆေပီယန်စ်လူသားတွေ မတ်တပ်ရပ် လမ်းလျှောက်လာပုံကစပြီး မီးကိုအသုံးပြုလာနိုင်ပုံတွေ တခြားလူသားမျိုးစိတ်တွေ မျိုးတုံးသွားပုံတွေ ဖတ်ရှုရမှာပါ။ နောက်ပိုင်းမှာ အချင်းချင်းဆက်သွယ်ပြောဆိုနိုင်ဖို့ စကားပြောနိုင်လာတာတွေ၊ ဘာသာတရား၊ နိုင်ငံ၊ ဥပဒေတွေ ပေါ်ပေါက်လာပြီး ဆေပီယန်စ်လူသားအမြောက်အများ ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် တခြားတိရိစ္ဆာန်၊ တခြားလူသားမျိုးစိတ်တွေထက် ရှေ့ကိုရောက်လာတာကို တွေ့ရမှာပါ။ ဆေပီယန်စ်လူသားမျိုးစိတ်တွေကြောင့် တခြားလူသားမျိုးစိတ်တွေ၊ တိရိစ္ဆာန်မျိုးစိတ်တွေ တော်တော်များများ မျိုးတုံးပျောက်ကွယ်သွားတာတွေကိုလည်း တွေ့ရမှာပါ။ ဒီအခန်းက ကျွန်တော်အကြိုက်ဆုံးအခန်းပါ။ အမဲလိုက် သစ်သီးခူး လှည့်လည်နေထိုင်သူ၊ ကျောက်ခေတ်လူသားတွေအကြောင်း ရေးထားတဲ့ စာအုပ်တော်တော်များများရှိပေမယ့် ဒီစာအုပ်က တော်တော်လေးအသေးစိတ်ကျပါတယ်။ တင်ပြပုံကောင်းပြီး သိပ္ပံနည်းကျစဥ်းစားထားတာတွေ၊ မနုသဗေဒပညာရှင်တွေကြားမှာတင်အယူအဆကွဲပြားတာတွေ၊ ရှာဖွေတွေ့ရှိချက်တွေနဲ့ တွေးရငေးရတာကြိုက်တဲ့သူတွေအတွက် တော်တော်လေးအရသာရှိတဲ့ စာအုပ်တစ်အုပ်ပါ။ သုတဟင်းအိုးကြီးထဲ ရသလေးနဲနဲခပ်ထားသလိုပါပဲ။ စာနည်းနည်းရှည်သွားလို့ အပိုင်း (၂) ဆက်ပါမယ်။ ( Review က ကိုယ်တွေးမိတာတွေ ရေးထားတာမို့ အမှားပါရင်သည်းခံပေးပါ ခင်ဗျ)
Credit to original