5 ပတ် - ဘာသာပြန်ပါ။

Book Review (1)
Sapiens (A brief history of humankind)
ဆေပီယန်စ် (လူသားမျိုးနွယ် သမိုင်းအကျဥ်း)
ဒီစာအုပ်​လေးနဲ့ပတ်သတ်ပြီး review ​​ရေးထားတာ ရှိသင့်တယ်ထင်လို့ ​ရေးလိုက်ပါတယ်။ ကျွန်​တော်ကိုယ်တိုင်လည်း စာအုပ်တစ်အုပ်ဝယ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အ​ကြောင်းအရာဟုတ်မဟုတ် review ​လေး​တွေအရင်​ဖတ်ပြီးမှ ဝယ်တာများပါတယ်။
​ ခေါင်းစဥ်က ​ဆေပီယန်စ်....​ဆေပီယန်စ် (Sapiens) ဆိုတာ အခုလက်ရှိ ၂၁ရာစု ကျွန်​တော်တို့​လူသားမျိုးစိတ်ကို ​သိပ္ပံပညာရှင်​တွေ ​ခေါ်​ဝေါ်တဲ့ လက်တင်စကားလုံးပါ
Homo = man or human, Sapiens = wise or one who knows...ဆို​တော့ wise man ဥာဏ်ပညာရှိတဲ့ လူသားမျိုးစိတ်လို့ အဓိပ္ပါယ်​ပေါက်ပါတယ်။
ဒီစာအုပ်က ဘာအ​ကြောင်းလဲဆိုတာကို စကားလုံးတစ်လုံးတည်းနဲ့​ပြောပါဆိုရင် လူသားမျိုးနွယ် ဆင့်ကဲ​ပြောင်းလဲ တိုးတက်လာပုံ လို့​ပြောရမယ်ထင်တယ်။ ကမ္ဘာ​မြေကြီးစတင်​ပေါ်​ပေါက်၊ တိရိစ္ဆာန်​တွေ ​ကျောက်​ခေတ်လူသား​တွေက စပြီး ယ​နေ့​သိပ္ပံ​ခေတ်အပြင် ​နောင်အနာဂတ်မှာ ဇီဝ​ပြောင်းလဲမှုနည်းပညာ​တွေ၊ ဆိုက်​ဘော့နည်းပညာ​တွေနဲ့ တခြားလူသားမျိုးစိတ်​တွေ​ပေါ်​ပေါက်လာနိုင်ပုံအထိ ​ရေးထားပါတယ်။
မူရင်းစာ​ရေးဆရာက အစ္စ​ရေးက ​ဂျေရုစလင်တက္ကသိုလ်​ပါ​မောက္ခ ယူဗယ်နိုရာဟာရာရီ ပါ။ ဟီဘရူးဘာသာစကားနဲ့စတင်​ရေးသားပြီး အဂ်လိပ်ဘာသာနဲ့ ၂၀၁၄ မှာစတင်ထုတ်​ဝေပါတယ်။ သူ့ရဲ့အယူအဆ​တွေနဲ့ပတ်သတ်ပြီး နိုင်ငံတကာမှာ​တော်​တော်​လေး ဂယက်ရိုက်သွားတာပါ။ ဒီစာအုပ်ရဲ့ series ​တွေအ​နေနဲ့ Homo Deus (A brief history of tomorrow) နဲ့ 21 lessons for the 21st century) ကို ၂၀၁၅ နဲ့ ၂၀၁၈ မှာ ဆက်တိုက်ထုတ်ထားပါတယ်။
ဒီ series ၃အုပ်လုံးကို ညီ​နောင် (humber) ကဘာသာပြန်ထားပြီး မြန်မာဘာသာနဲ့ထုတ်​ဝေပြီးဖြစ်ပါတယ်။ ဒီ​နေရာမှာ ဘာသာပြန်ဆရာရဲ့အရည်အချင်းကို အသိအမှတ်ပြုချင်ပါတယ်။ ဘာသာပြန်စာအုပ်တစ်အုပ်လို့ မခံစားရ​စေပဲ မူရင်းစာအုပ်ရဲ့ ​ထေ့လုံး​လေး​တွေ၊ ​ရှုပ်​နေတဲ့အ​ကြောင်းအရာ​တွေကို နားလည်လွယ်​အောင်​ရေးတတ်တာ​တွေ၊ ဘာသာပြန်တတ်ရုံမကပဲ အ​ကြောင်းအရာကို​သေချာနားလည်ပြီးမှ ပြန်​ရေးထားတဲ့ပုံ​ပေါ်ပါတယ်။ (translation skill 10/10 rating ပါ)။ မူရင်းစာ​ရေးဆရာနဲ့ဘာသာပြန်ဆရာရဲ့ ​ကောင်းကွက်​တွေ​ကြောင့် စာအုပ်က သုတ​တွေနဲ့ချည်းပြည့်​နေ​ပေမယ့် ထူးထူးခြားခြားရသ​လေး​တွေကိုခံစားရ​စေပါတယ်။
အပိုင်း(၁) မှာ အာဖရိအ​ရှေ့ပိုင်းက ​မျောက်ဝံ​တွေက တစ်ဆင့် ကျွန်​တော်တို့လူသားမျိုးစိတ်​တွေ ပထမဆုံး ဆင့်ကဲ​ပေါ်ထွက်လာပုံကို ​ရေးထားပါတယ်။ အဲ့လူသားမျိုးစိတ်​တွေက ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီး လူသားမျိုးစိတ် အများအပြား​ပေါ်ထွက်လာတာပါ။ အခုလက်ရှိကမ္ဘာ​ပေါ်မှာ ဟိုမို​ဆေပီယန်စ် ဆိုတဲ့ ကျွန်​တော်တို့တစ်မျိုးပဲရှိ​တော့​ပေမယ့် လွန်ခဲ့တဲ့နှစ်​ပေါင်း ၁သိန်းဝန်းကျင်မှာ လူသားမျိုးစိတ် ၆မျိုး​လောက် ရှင်သန်​နေထိုင်ခဲ့တာပါ။ ဦး​နှောက်အရွယ်အစား၊ ခန္ဓာကိုယ်အချိုးအစား၊ ​နေထိုင်တဲ့​နေရာ​ဒေသအလိုက် ပြုမူ​နေထိုင်ပုံ စသဖြင့်မတူကြပါဘူး။ ဒါက ​တော်​တော်​လေးအံ့သြဖို့​ကောင်းတာပါ။ ကျွန်​တော်တို့ ​ဆေပီယန်စ်လူသား​တွေ မတ်တပ်ရပ် လမ်း​လျှောက်လာပုံကစပြီး မီးကိုအသုံးပြုလာနိုင်ပုံ​တွေ တခြားလူသားမျိုးစိတ်​တွေ မျိုးတုံးသွားပုံ​တွေ ဖတ်ရှုရမှာပါ။ ​နောက်ပိုင်းမှာ အချင်းချင်းဆက်သွယ်​ပြောဆိုနိုင်ဖို့ စကား​ပြောနိုင်လာတာ​တွေ၊ ဘာသာတရား၊ နိုင်ငံ၊ ဥပ​ဒေ​တွေ ​ပေါ်​ပေါက်လာပြီး ​ဆေပီယန်စ်လူသားအ​မြောက်အများ ပူး​ပေါင်း​ဆောင်ရွက်နိုင်မှု​​ကြောင့် တခြားတိရိစ္ဆာန်​၊ တခြားလူသားမျိုးစိတ်​တွေထက် ​​ရှေ့ကို​ရောက်လာတာကို ​တွေ့ရမှာပါ။ ​ဆေပီယန်စ်လူသားမျိုးစိတ်​တွေ​ကြောင့် တခြားလူသားမျိုးစိတ်​တွေ၊ တိရိစ္ဆာန်မျိုးစိတ်​တွေ ​တော်​တော်များများ မျိုးတုံး​ပျောက်ကွယ်သွားတာ​တွေကိုလည်း ​တွေ့ရမှာပါ။ ဒီအခန်းက ကျွန်​တော်အကြိုက်ဆုံးအခန်းပါ။ အမဲလိုက် သစ်သီးခူး လှည့်လည်​နေထိုင်သူ၊ ​ကျောက်​ခေတ်လူသား​တွေအ​ကြောင်း ​ရေးထားတဲ့ စာအုပ်တော်​​တော်များများရှိ​ပေမယ့် ဒီစာအုပ်က ​တော်​တော်​လေးအ​သေးစိတ်ကျပါတယ်။ တင်ပြပုံ​ကောင်းပြီး သိပ္ပံနည်းကျစဥ်းစားထား​တာ​တွေ၊ မနုသ​ဗေဒပညာရှင်​တွေကြားမှာတင်​အယူအဆကွဲပြားတာ​တွေ၊ ရှာ​ဖွေ​တွေ့ရှိချက်​တွေနဲ့ ​တွေးရ​ငေးရတာကြိုက်တဲ့သူ​တွေအတွက် ​တော်​တော်​လေးအရသာရှိတဲ့ စာအုပ်တစ်အုပ်ပါ။ သုတဟင်းအိုးကြီးထဲ ရသ​လေးနဲနဲခပ်ထားသလို​ပါပဲ။ စာနည်းနည်းရှည်သွားလို့ အပိုင်း (၂) ဆက်ပါမယ်။ ( Review က ကိုယ်​တွေးမိတာ​တွေ ​ရေးထားတာမို့ အမှားပါရင်သည်းခံ​ပေးပါ ခင်ဗျ)

Credit to original

image