alabar Trogon
Malabar ဆိုတာ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းဒေသကို ရည်ညွှန်းတယ်လို့ သိရတယ်။ Trogon ဆိုတာကို ထပ်တယူငှက်ဆိုပြီး မြန်မာအမည်ပေးတာ ဖတ်ဖူးတယ်။ အဲ့ဒီတော့ Malabar Trogon ဆိုတာ အိန္ဒိယအနောက်တောင်ပိုင်းက ထပ်တယူငှက်လို့ ခေါ်ရမလားပဲ။
Indian Paradise Flycatcher ငှက်တွေ ဓာတ်ပုံသွားရိုက်တော့ လမ်းမှာ ထိန်းသိမ်းထားတဲ့ အမျိုးသားဥယျာဥ်တခုကို ဖြတ်ရတယ်။ လာကြိုတဲ့ ငှက်ဂိုက်က မင်း အဲ့ဒီငှက်ကို ဓာတ်ပုံ ရိုက်မလားတဲ့။ ကျနော်သိထားတဲ့ Trogon ဆိုတဲ့ငှက်တွေက မြန်မာပြည်မှာ တွေ့ဖို့ ခက်တဲ့အထဲပါတယ်။ အဲ့ဒါနဲ့ ငှက်ဂိုက်ကို မေးလိုက်တယ်။ အဲ့ဒီ Malabar Trogon ကို ဓာတ်ပုံရိုက်ခွင့်ရဖို့ ဘယ်လောက်ရာခိုင်နှုန်းအထိ သေချာလည်းဆိုတော့ ၁၀၀ ရာခိုင်နှုန်းတဲ့။
စိတ်ထဲမှာတော့ ဒီကောင် ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီလို့။ ကျနော်သိထားတဲ့အသိအရ မလွယ်ဘူး။ ဒါပေမယ့် သူက ၁၀၀ ရာခိုင်နှုန်း သေချာတယ်တဲ့။ အေး ရိုက်မယ်လို့။ အဲ့ဒါနဲ့ အဲ့ဒီ အမျိုးသားဥယျာဥ်ရဲ့ နေရာတခုမှာ ကားရပ်ရိုက်တယ်။ ငှက်ဂိုက်က ဒီငှက်ကို လိုက်ရှာတာ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ လမ်းဘေး တနေရာမှာ အေးအေးလူလူ ထိုင်နားနေတဲ့ ဒီ Trogon ကိုတွေ့ရတာပဲ။
ကျနော့်အတွက် ဒီငှက်ကို ပထမဆုံး ဓာတ်ပုံရိုက်ခွင့်ရတာဆိုတော့လည်း ပုံ ၄၀-၅၀ လောက် ဓာတ်ပုံရိုက်လိုက်တာပေ့ါ။ ပြီးတာနဲ့ ကားဆက်ထွက်ပြီး ကိုယ့်သွားမယ့်ခရီးဆုံးမြို့ကို ဆက်သွားလိုက်တာပဲ။ အဲ့ဒီမှာက စာဖြူတွေကို ကြိုဆိုနေတယ်လေ။