အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်(၄)ဆူ အင်းလေးဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံပွဲ စတင်

စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ၁၈ ရက်ကြာ ဒေသစာရီ ကြွချီပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၄ နာရီက စတင်ကာ ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူတို့အား နံနက် ၇ နာရီတွင် အင်းသားရိုးရာဆွဲလှေ (၄၆)စီးဖြင့် ရေလမ်းခရီး ပင့်ဆောင်ပူဇော်ကြပြီး ယနေ့တွင် ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်သည်။ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကာ အောက်တိုဘာ ၉ ရက်အထိ အင်းလေးဝဲယာ ၂၁ ဌာနသို့ အစီအစဥ်အလိုက် ပင့်ဆောင်ပူဇော်သွားမည်ဖြစ်သည်။

Ref & Photo – MOI

#သတင်းဟင်းလေးအိုးကြီး

imageimage
+4