5 ပတ် - ဘာသာပြန်ပါ။

၂၀၂၁ ခုနှစ် မေလ ၁၆ ရက်နေ့မှာ အီရန်နိုင်ငံ၊ တီဟီရန်မြို့၊ အက်ဘာတန် (Ekbatan) ရပ်ကွက်က အမှိုက်ပုံးတစ်ခုထဲမှာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အမှိုက်ကောက်သမားတစ်ဦးက တွေ့ရှိခဲ့ရာကနေ ဒီဖြစ်ရပ်ကြီး ပေါ်ပေါက်လာခဲ့တာပါ ရဲတွေက လက်ဗွေရာတွေနဲ့ စုံစမ်းလိုက်တဲ့အခါ ေxသဆုံးသူဟာ အီရန်ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဘာဘက်ခိုရမ်ဒင် (Babak Khorramdin) ဖြစ်နေတာကို သိရှိခဲ့ပါတယ်
ရဲတပ်ဖွဲ့က ဘာဘက်ရဲ့မိဘတွေဖြစ်တဲ့ အက္ဘာခိုရမ်ဒင် (Akbar Khorramdin) နဲ့ အီရန်မော်ဆာဗီစန်း (Iran Mousavi San) တို့ကို စစ်ဆေးခဲ့ရာမှာ သူတို့ကဘဲသားဖြစ်သူကို သxတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်
သူတို့က သားဖြစ်သူကို အရင်ဆုံး မေ့ဆေးအများကြီးပါတဲ့ အစားအစာကျွေးခဲ့ပါတယ် ဘာဘက် မေ့သွားချိန်မှာ ကြိုးနဲ့တုပ်၊ ဓားနဲ့ ထိုးသxတ်ခဲ့ပြီး ရုပ်အလောင်းကို ရေချိုးခန်းထဲမှာ အပိုင်း-ပိုင်း-ဖြတ်ကာ ခရီးဆောင်အိတ်နဲ့ အမှိုက်အိတ်တွေထဲ ထည့်ပြီး မြို့ရဲ့နေရာအနှံ့ အမှိုက်ပုံးတွေထဲမှာ လိုက်လံစွန့်ပစ်ခဲ့ကြပါတယ်
ဒီလိုသxတ်ရတဲ့အကြောင်းရင်းကတော့ ဘာဘက် ဟာအိမ်ထောင်မပြုဘဲ လူပျိုဘဝနဲ့ နေထိုင်တာကို မိဘတွေက လက်မခံနိုင်တဲ့အတွက်လို့ ဝန်ခံခဲ့ပါတယ် သူတို့က "သားဖြစ်သူဟာ အကျင့်စာရိတ္တ ပျက်ပြားတယ်" လို့ စွပ်စွဲခဲ့ကြပြီး ဒီလိုလုပ်ခဲ့တာအတွက် နောင်တရခြင်းမရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်
စစ်ဆေးမှုတွေ ဆက်လုပ်ရင်းနဲ့ မိဘနှစ်ပါးဟာ သူတို့ရဲ့ နောက်ထပ်သားသမီးနှစ်ဦးကိုလည်း အလားတူဘဲသxတ်ပစ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ခဲ့ကြပါတယ် ၂၀၁၁ ခုနှစ်မှာ သမီးရဲ့ခင်ပွန်းဖြစ်သူ သxတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သူတို့ရဲ့သမီးကိုလည်း သxတ်ပစ်ခဲ့တာပါ
အီရန်နိုင်ငံရဲ့ ဥပဒေအရ ဖခင်က သားသမီးကို သတ်ရင် ေxသဒဏ်ပေးလို့ မရပါဘူး အများဆုံး ၁၀ နှစ်အထိဘဲထောင်ဒဏ်ချမှတ်နိုင်ပါတယ် ဒါကြောင့်မို့ ဒီဖြစ်ရပ်က အီရန်ပြည်သူတွေကို တော်တော်လေး ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး နိုင်ငံရဲ့ဥပဒေအပေါ်မှာလည်း ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်
ဒီအမှုကိုစုံစမ်းစစ်ဆေးနေစဉ်မှာဘဲ ဖခင်ဟာကင်ဆာရောဂါနဲ့ ေxသဆုံးသွားခဲ့ပြီး မိခင်ကတော့ သားဖြစ်သူကို သxတ်ရာမှာ အကူအညီပေးမှုနဲ့ ထောင်ဒဏ် ၃ နှစ် ၉ လ ချမှတ်ခံခဲ့ရပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image