5 ပတ် - ဘာသာပြန်ပါ။

ဘင်္ဂလားဒေ့ရှ်၌သွေးလွန်တုပ်ကွေးဖြစ်ပွား၊ ၂၄ နာရီအတွင်းကိုးဦး ‌ေ-သဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် အ‌တော်ပင်မြင့်တက်နေသဖြင့်လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယင်းရောဂါကြောင့် လူကိုးဦး ထပ်မံ‌ေ-သဆုံးခဲ့ကာ ဆေးရုံတက်ရသော လူနာ အရေအတွက်သည် ၇၄၀ ဦးရှိခဲ့သည်ဟု ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအရေအတွက်သည် ယခုနှစ်အတွင်း တစ်နေ့တာရောဂါဖြစ်ပွား‌ေ-သဆုံးမှုအများဆုံးအရေအတွက်ဖြစ်ကြောင်း ဘီဒီနူစ်၂၄ သတင်းဌာနက ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်၏ အစပိုင်းမှစ၍ ယခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးကြောင့် ‌‌ေ-သဆုံးရသူ ၁၇၉ ဦးနှင့် ဆေးရုံတက်ရသော လူနာအရေအတွက်သည် ၄၀,၄၆၁ ဦး အထိ ရှိခဲ့ပြီဖြစ်သည်။ တနင်္ဂနွေနေ့၏ လူ‌ေ-သဆုံးမှုစာရင်းတွင် စနေနေ့က ‌ေ-သဆုံးခဲ့သော သုံးဦးကိုပါ ထည့်တွက်ထားပြီး ၂၄ နာရီအတွင်း ကိုးဦး‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်ခင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ခြင်မှတဆင့် ကူးစက်သောရောဂါဖြစ်ပွားမှုကြောင့် လူခြောက်ဦး‌ေ-သဆုံးခဲ့သည်။
‌ေ-သဆုံးသူများထဲတွင် ကျားခြောက်ဦးနှင့် မခြောက်ဦးတို့သည် အသက် ၂၄ နှစ်မှ ၆၅ နှစ်အတွင်း ရှိသူများဖြစ်ကြောင်း ဘီဒီနူးစ်၂၄ က ပြောကြားခဲ့သည်။
ကျန်းမာရေးဌာနသည် ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ခြေရာခံစောင့်ကြည့်ခဲ့သည်။ ၂၀၂၃ ခုနှစ်က နိုင်ငံတွင်ယင်းရောဂါဖြစ်ပွားမှုသည်အဆိုးဝါးဆုံးဖြစ်ခဲ့ပြီး ဆေးရုံတက်ရ‌သော လူနာအရေအတွက်သည် ၃၂၁,၁၇၉ ဦးရှိပြီး ‌ေ-သဆုံးသူ အရေအတွက်မှာ ၁,၇၀၅ ဦးအထိ စံချိန်တင်ရှိခဲ့သည်။ နိုင်ငံသည် မကြာသေးခင်နှစ်များအတွင်း အပြင်းထန်ဆုံးသွေးလွန်တုပ်ကွေးရာသီများထဲမှ တစ်ခုကိုကြုံတွေ့နေရသောကြောင့်သတိရှိကြရန် ကျန်းမာရေးအာဏာပိုင်များက တို-က်တွန်းထားသည်။

image
image
image