10 ပတ် - ဘာသာပြန်ပါ။

ဖြတ်သန်းပါ 🕊️
ကျွန်တော်တို့ နေ့ရက်တွေကို ဖြတ်သန်းတယ်ဆိုတာ ကျွန်တော်တို့ ဘဝကို ဖြတ်သန်းတာနဲ့ အတူတူပါပဲ။
တစ်ရက် တစ်ရက် အသုံးပြုလိုက်တဲ့ ပုံစံပေါ်မူတည်ပြီး ကျွန်တော်တို့က ဘယ်လိုလူလဲဆိုတာ သတ်မှတ်ပေးသွားတာပါပဲ။
ဒါပေမယ့် တစ်ခါတလေမှာတော့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ပုံစံ၊ ဖြတ်သန်းချင်တဲ့ ပုံစံအတိုင်း ဖြစ်မလာတာမျိုးလည်း ရှိမှာပါပဲ။
ကျွန်တော်တို့ရဲ့ တနေ့တာမှာ ကောင်းတာတွေလည်း ကြုံနိုင်သလို အဆင်မပြေတာတွေလည်း ကြုံရနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာကတော့ ကျွန်တော်တို့ရဲ့ တနေ့တာ ဖြတ်သန်းဖို့ပါပဲ။ ဖြတ်သန်းနေတဲ့ တနေ့တာကို Enjoy ဖြစ်ဖို့ပါပဲ။
အလုပ်က ပြန်လာလို့ အနားယူတဲ့အခါ၊ ညဖက်တွေမှာ Night Routine လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ တနေ့တာကို ပြန်ပြီး သုံးသပ်ကြည့်ပါ။
🔰 ဘယ်အရာတွေက ကောင်းကောင်းမွန်မွန်နဲ့ အဆင်ပြေပြေ ပြီးဆီးသွားလဲ?
🔰 ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ? ကိုယ်ကရော ဒီအပေါ်မှာ ဘယ်လို ဖြေရှင်းခဲ့လဲ?
🔰 ဒီနေ့ ဘာသင်ခန်းစာတွေရခဲ့လဲ?
ဒီလိုမျိုး Journaling Prompt လေးတွေ သုံးပြီး တနေ့တာကို Reflection လုပ်ကြည့်ပါ။
ပြီးရင်တော့ စိတ်ချလက်ချအိပ်ပြီး နောက်ရက်အတွက် အင်အား ပြန်ယူပါ။
ဒါမှပဲ ကျွန်တော်တို့ရဲ့ နောက်ရက်တွေမှာလည်း အင်အား အပြည့်နဲ့ ကိုယ့်ရည်ရွယ်ချက်တွေ ရောက်ဖို့အတွက် ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
နောက်ထပ် Content တွေမှာ ထပ်တွေ့ကြပါမယ်။
သာယာကောင်းမွန်တဲ့ နေ့ရက်လေး ဖြစ်ပါစေ။
🌐 Facebook Community Group
https://www.facebook.com/group....s/6970714666378515/?
🌐 Content Creators Group
https://www.facebook.com/group....s/contentcreatorsinm
🌐 Telegram Channel
https://t.me/itsmeyeswanaung04
🌐 Personal Facebook Account
https://www.facebook.com/yeswan.aung.79/
It’s me, Ye Swan Aung
“Your Productivity Partner”

image