မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပြီး ဆက်လက်မြင့်တက်နိုင်
မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာတွင် စိုးရိမ်ရေမှတ်အထက်ကို (၂)ပေခွဲခန့်ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၁)ပေခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ(၂၂)ရက် နံနက်ပိုင်းအချိန်တိုင်းတာချက်များအရ အသိပေးထားသည်။
ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားနိုင်ရန် မိုးဇလက သတိပေးချက်ထုတ်ပြန်ထားသည်။
မယ်ဆိုင်ချောင်းရေသည် စက်တင်ဘာ(၂၁)ရက်က စတင်ပြီး စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။