#ကြက်သွန်ဖြူ ၏ကျန်းမာရေးအကျိုးပြုပုံ"
(၂၁)ချက်နှင့်အသုံးပြုပုံ
ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။
၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။
၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၄။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။
၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။
၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။
၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။
၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။
၁၈။ အဆစ်ရောင် ရောါဂါမှားအား ကုသပေးခြင်း။
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။
၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ်ခံအား တိုးစေခြင်း။
ကြက်သွန်ဖြူ ဟာ အခွံနွှာပြီး ဆယ်မိနစ်အတွင်း သုံးရပါတယ်
ဆေးဖက်ဝင်တဲ့အလွှာပါးလေးဟာ အောက်ဆီဂျင်နဲ့ထိတွေ့ပြီး ဓာတ်ပြယ်သွားလို့ပါ
ဗမာ ကြက်သွန်ဖြူ ရှမ်းကြက်သွန်ဖြူတွေဟာ အမွှေးနံ့ပြင်းတဲ့အတွက် ဆီချက်အတွက်သော်လည်းကောင်း ဟင်းချက်ရာမှာသော်လည်းကောင်း ချိုမြိန် မွှေးကြိုင်စေပါတယ်
ကြက်သွန်ဖြူ ပျားရည် ခွန်အားတိုးစေပါတယ်
ကြက်သွန်ဖြူ မီးကင် လေကြေ လေသက်စေပါတယ်
ချစ်စနိုးနဲ့ နွှာပေးတဲ့ လက်ဖက်သားထဲက ကြက်သွန်ဖြူလေးများ ဆယ်မိနစ်အတွင်းကုန်အောင်စားပေးကြပါ
လက်ဖက်ထဲကို ကြက်သွန်ဖြူထည့်နှပ်ခြင်းဟာ လက်ဖက်ကိုရော ကြက်သွန်ဖြူကိုရော အပြန်အလှန်အကျိုးပြုခြင်းမရှိပါဘူး
အချိန်ကြာလေ အနံ့အောက်သက်သက်ဖြစ်လေပါပဲရှင်
သို့ပေမဲ့ အခွံနွှာပြီးသားကြက်သွန်ဖြူတွေကိုတော့ ဆယ်မိနစ်အတွင်း သုံးဖို့မမေ့ကြပါနဲ့နော်
အသင့်သုံး အလွယ်သုံးရတဲ့အမျိုးအစားထဲမှာ ကြက်သွန်ဖြူ မပါစေလိုပါဘူး
သူ့ရဲ့ဆေးဖက်ဝင်တဲ့သဘာဝ အဟာရတွေ ဆုံးရှုံးချိန်မြန်လွန်းလို့ပါရှင်
Credit
#???????