10 w - Translate

ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာ ၃၀ ရက်မှစတင်ကာကျင်းပသွားမည်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား လာမည့် စက်တင်ဘာ ၃၀ ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အစရက်ဖြစ်သော စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက်အထိအား မဟာပဋ္ဌာန်း ကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကာ ဆွမ်းအိုးမျှောပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနားတို့ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ သီဆိုဖျော်ဖြေမှုများ၊ ဇာတ်သဘင်ပွဲများ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ၊ ဘောလုံးပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

imageimage