❝ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးအဆောက်အအုံတစ်ခုကို ဝင်တိုက်မိလို့ ယာဉ်မောင်းဖြစ်သူ ဒဏ်ရာရ❞

စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်-မုဒုံလမ်းပေါ်ရှိ သာယာကုန်းတိုးဂိတ်အနီးတွင် ANGEL ယာဥ်လိုင်းမှ Express ယာဥ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးအဆောက်အအုံတစ်ခုကို ဝင်တိုက်မိရာက ယာဉ်မောင်းဖြစ်သူ ကားအတွင်းညပ်နေခဲ့သဖြင့် ဒေသခံ လူမှုကူညီကယ်ဆယ်အသင်း (၁၀) ခုတို့က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။

ယင်းဖြစ်စဥ်သည် စက်တင်ဘာ ၂၁ ရက် ည ၇ နာရီ ၂၀ မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဥ်ဘရိတ်ပေါက်စဥ် ယာဉ်ကိုရပ်တန့်နိုင်ရန် တိုးဂိတ်အဝင် လမ်းလယ်အုတ်ခုံများကိုဝင်တိုက်၍ ရပ်တန့်ရန်ကြိုးစားသော်လည်း ယာဉ်မှာရပ်တန့်ခြင်းမရှိသဖြင့် လမ်းဘေးသို့ထိုးချကာ အဆောက်အဦတစ်ခုကို ဝင်တိုက်ခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းဆောက်အဦသည် လူနေထိုင်ခြင်းမရှိသဖြင့် ထိခိုက်မှုမရှိခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူမှာ ခေါင်းခန်းအတွင်းညပ်နေသည့်အတွက် အောက်ဆီဂျင်များပေးကာ ယာဉ်အတွင်းမှဆွဲထုတ်နိုင်ရန် အရေးပေါ်ကူညီကယ်ဆယ်မှုများကို ခက်ခဲစွာလုပ်ဆောင်ခဲ့ပြီးနောက် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image