၂ မိနစ်အတွင်း ပြီးနိုင်မယ့် အလုပ်ဆို ချက်ချင်းလုပ်လိုက်ပါ ⌛⚡
ဒီရက်ပိုင်း To-Do List လုပ်တာနဲ့ ပတ်သက်ပြီး မျှဝေပေးဖြစ်နေတာဆိုတော့ ဒီ Content လေးကို ထပ်ပြီးရေးလိုက်ပါတယ်။
ကျွန်တော်တို့တွေက လုပ်စရာရှိတာတွေကို အမြဲ To-Do List နဲ့ မှတ်ထားရမှာလား❔
ကိုယ်လုပ်ရမယ့် အလုပ် (Task) တိုင်းက Equal ဖြစ်ဖြစ် မဟုတ်ကြပါဘူး။ တချို့ Task တွေက အချိန်ကြာတယ်။ တချို့ Task တွေက ခဏလေး လုပ်တာနဲ့ ပြီးတယ်။
ခဏလေး လုပ်တာနဲ့ ပြီးမယ့် အလုပ်တွေကိုတော့ To-Do List ထဲ မထည့်ပါနဲ့။
Zeigarnik Effect ဆိုတာရှိတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်က ကိစ္စသေးသေးလေးပဲဖြစ်ဖြစ် မပြီးသေးတဲ့ အလုပ်တာဝန်တွေဆိုရင် မှတ်မိနေလေ့ရှိတယ်။ အဲ့အရာတွေက ကျွန်တော်တို့ကို စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ ဒါကြောင့် အလုပ်တာဝန်တွေကို ပြီးစီးအောင် လုပ်လိုက်ခြင်းက စိတ်ထဲမှာ ရှုပ်နေတာတွေကို ရှင်းလင်းသွားစေပါတယ်။
အဲ့ဒါကြောင့်မလို့ ကိုယ်လုပ်ရမယ့်အလုပ်က ၂ မိနစ်လောက်ပဲ ကြာမယ်ဆို ချက်ချင်းထလုပ်လိုက်ပါတဲ့။
ဒါက David Allen ရဲ့ Getting Things Done စာအုပ်မှာ မိတ်ဆက်ထားတဲ့ 2-Minute Rule ပဲဖြစ်ပါတယ်။
ကိုယ်လုပ်ရမယ့်အလုပ်က ခဏလေးပြီးမယ့်အရာကို To-Do List ထဲမှာ အမြဲ ထည့်မှတ်နေမယ်ဆို ရေးထားတာ ပြန်ကြည့်ရတာနဲ့ ဘယ်အချိန်မှာ လုပ်ရမလဲ ပြန်စဉ်းစားနေတာနဲ့ဆို ပြီးရမယ့်အလုပ်က မပြီးတော့ဘဲ ပိုကြာနေတာမျိုး ဖြစ်နိုင်ပါတယ်။
ဆိုပါစို့။
မနက်နိုးလာလို့ အိပ်ရာသိမ်းဖို့ကို To-Do List ထဲ ထည့်မှတ်နေမလား နိုးတာနဲ့ ချက်ချင်းသိမ်းလိုက်မလား?
ချက်ချင်းသိမ်းလိုက်တော့ အလုပ်တာဝန်တစ်ခု ပြီးသွားတယ်။
Accomplishment တစ်ခု ရသွားတယ်။
ဒီလို အလုပ်မျိုးလေးတွေဆို To-Do List ထဲ ထည့်မှတ်နေစရာမလိုပါဘူး။
ကိုယ့်ကို ပို့တဲ့ Email တစ်ခုကို Reply ပြန်တာ။
အမှိုက်သွန်တာ။
စာရေးစားပွဲခုံကို ရှင်းတာ။
ရေသောက်တာ။
ပန်းကန်ဆေးတာ။
ကိစ္စ သေးသေးလေးတွေဆို ချက်ချင်းလုပ်ပြီး Procrastination ဆိုတဲ့ အချိန်ဆွဲတာကိုလည်း လျှော့ချနိုင်ပါတယ်။
2-Minute Rule က ကိစ္စအသေးအမွှားလေးတွေ လုပ်ဖို့အတွက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။
အလေ့အကျင့် အသစ်တစ်ခု မွေးမြူဖို့အတွက်ဆိုရင်လည်း အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Atomic Habits ကိုရေးသားတဲ့ James Clear က ပြောတယ်။
"အလေ့အကျင့် အသစ်တစ်ခု မွေးမြူမယ်ဆို ၂ မိနစ်လောက်နဲ့ လုပ်နိုင်အောင် အဆင့်ကို လျှော့ချထားပါ" တဲ့။
ပြောချင်တာက
စာ ၁ နာရီ ဖတ်မယ်ဆိုတာထက် အရင်ဆုံး စာအုပ်ကို ဖွင့်ပြီး တစ်မျက်နှာလောက်ဖတ်လိုက်ပါ။
နေ့တိုင်း Journal ရေးမယ်ဆိုတာထက် စာကြောင်း တစ်ကြောင်း အရင်ရေးကြည့်လိုက်ပါ။
တစ် နာရီ Exercise လုပ်မယ်ဆိုတာထက် လေ့ကျင့်ခန်းလုပ်ဖို့ ဝတ်စုံအရင် ဝတ်လိုက်ပါ။
ပထမဆုံး စတင်မယ့် အဆင့်မှာ လွယ်ကူအောင် လုပ်ထားပြီး ၂ မိနစ်အတွင်း စဖြစ်အောင်လုပ်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်က အဲ့ အလေ့အကျင့်ကို လုပ်လိုက်ပြီဆိုတာနဲ့ တဖြည်းဖြည်း အရှိန်ရသွားပြီး ဆက်လုပ်ဖို့အတွက် တွန်းအားပိုဖြစ်စေပါလိမ့်မယ်။
2-Minute Rule က ကျွန်တော်တို့ရဲ့ စိတ်ထဲ ရှုပ်နေတာတွေကို ရှင်းလင်းစေသလို အချိန်ကုန်လည်း သက်သာစေတယ်။ တစ်ခုခု စတင်ဖို့အတွက်လည်း တွန်းအားဖြစ်စေတယ်။ အချိန်ဆွဲတာကိုလည်း သက်သာစေပါတယ်။
ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု အသေးလေးတွေတိုင်းက တဖြည်းဖြည်း ပေါင်းစည်းလာတဲ့အခါ ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်စေတာမလို့ အခုပဲ စတင်လိုက်ပါလို့ ပြောချင်ပါတယ်။
နောက်ထပ် Content တွေမှာ ထပ်တွေ့ကြပါမယ်။
သာယာကောင်းမွန်တဲ့ နေ့ရက်လေး ဖြစ်ပါစေ။
🌐 Facebook Community Group
https://www.facebook.com/group....s/6970714666378515/?
🌐 Content Creators Group
https://www.facebook.com/group....s/contentcreatorsinm
🌐 Telegram Channel
https://t.me/itsmeyeswanaung04
🌐 Personal Facebook Account
https://www.facebook.com/yeswan.aung.79/
It’s me, Ye Swan Aung
“Your Productivity Partner”
#itsmeyeswanaung
#productivity
#twominuterule