အိမ်တွင်းဟင်းချက်နည်းနဲ့ ခန္ဓာကိုယ်ကသွေးကြောတွေကို သန့်စင်လိုက်ပါ
ပါဝင်ပစ္စည်းများ
• ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးပါ)
• ရှောက်ရွက် ၄-၅ ရွက်
• သံပရာသီး ၁ လုံး (ပါးပါးလှီးပါ)
• ရေသန့် ၁ လီတာ
ပြုလုပ်နည်း
၁။ အိုးထဲကို ကြက်သွန်နီနဲ့ ရှောက်ရွက်ထည့်ပြီး ရေထည့်ပါ။ ပွက်ပွက်ဆူလာအောင် ၁၅ မိနစ်ခန့် တည်ပါ။
၂။ မီးဖိုပေါ်ကချပြီး နွေးသွားအောင် ထားထားပါ။ ပြီးနောက် ပါးပါးလှီးထားတဲ့ သံပရာသီးထည့်ပါ။
၃။ အဲ့ဒါကို တစ်နေ့ကို ၁-၂ ခွက် နွေးနွေးလေး သောက်ပါ။
ကျန်းမာရေးအကျိုးကျေးဇူးများ
ကြက်သွန်နီ → သွေးပေါင်ကျစေခြင်း
ရှောက်ရွက် → နှလုံးကို အာဟာရဖြည့်ပေးခြင်း
သံပရာသီး → အဆီတွေကို ဖယ်ရှားပေးပြီး သွေးကြောတွေကို သန့်စင်ပေးခြင်း
ကျန်းမာပျော်ရွှင်နိုင်ကြပါစေ