10 w - Translate

ထိုင်းသို့ တရားမဝင်ဝင်​ရောက်လာသည့်မြန်မာများ ကား​မှောက်ကာ ၂ဦး ဆုံး၊၇ ဦး ​ဆေးရုံတင်ထားရ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ဗင်ကားသည်မောင်းသူအိပ်ငိုက်သွားသဖြင့် မထိန်းချုပ်နိုင်ဘဲလမ်း​ဘေးကွန်ကရစ်အတားအဆီးနှင့်တို-က်ခါမှောက်သွားသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦး ‌ေ-သဆုံးပြီး ၇ ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၆နာရီခန့်က Muang Pathum Thani ရဲစခန်းမှ အမှုစစ် ဒုရဲမှူးကြီး Suthorn Jitphum က အခင်းဖြစ်ရာ​နေရာသို့ သွား​ရောက်စစ်ဆေးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာရတ်ချရပ်လမ်း (အဝေးပြေး 346၊ Pathum Thani-Rangsit လမ်းဆုံသို့ တက်ရာ) ခရိုင် Santi Suk လမ်းဆုံ၊ Bang Chang ခရိုင်သို့ မြို့မရဲစခန်းမှ လှည့်ကင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ တရားရေးဝန်ကြီးဌာနအောက်ရှိ မှုခင်းသိပ္ပံဌာနမှ တာဝန်ရှိသူများ၊ Poh Teck Tung Foundation မှ ကယ်ဆယ်ရေးလုပ်သားများ လိုက်ပါသွားခဲ့သည်။
အခင်းဖြစ်နေရာတွင် ယာဉ်ကတော့ လုံးဝပျ-က်စီးသွားခဲ့ပြီးကားထဲတွင် ဒ-ဏ်ရာရသူ ၉ ဦး( အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး)၊ ခရီးဆောင်အိတ်များစွာ ရှိ​နေသည်။ လူတိုင်း နာကျင်စွာညည်းတွားရင်း အထဲမှာ ပိ-တ်မိနေကြသည်။ ကယ်ဆယ်ရေးသမားများက ဒ-ဏ်ရာရသူများကို ခက်ခက်ခဲခဲကယ်ထုတ်ရသည်။
ဒ-ဏ်ရာရရှိသူ ၇ ဦးအား Pathum Thani ဆေးရုံနှင့် Lat Lum Kaeo ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
ဒ-ဏ်ရာရသူများအားလုံးသည် ထိုင်းစကားမပြောနိုင်သော မြန်မာနိုင်ငံသားများဖြစ်ပြီး၄င်းတို့သည်Talat Thai ဘက်ကို သွားရန်ရည်ရွယ်ထားပုံရသည်။ တရားမဝင် ဝင်ရောက်မှု ရှိ၊ မရှိနှင့် ထိုင်းနိုင်ငံသားများက ခိုးသွင်းမှုတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံဆက်သွယ် အကြောင်းကြားထားကြောင်း သိရသည်။

image