10 w - Translate

An+++im+++al [ 2+0/2+3 ]
-------------------------------------------

ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်

သရုပ်ဆောင်တွေအနေနဲ့ကတော့ ရန်ဘီးနဲ့ သိပ်ချစ်ဖိုကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊မင်းသမီးချော တရီပသီ ၊ ဘော်ဘီဒိုးလ်၊ ရန်ဘီးရဲ့ ကပူးရ်မိသားစုထဲက ဘကြီးတော်စပ်သူ မင်းသားကြီး အာနီလ်ကပူးရ်တိုပါဝင်ထားပါတယ်။

ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိင်းလေးတစ်ယောက်။

ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။

ဒီလောက်ချစ်တဲ့ သားအပေါ်မှာ ဖခင်ပြန်ပေးတာက နွေးထွေးကြင်နာမှုလစ်ဟင်းတာနဲ့ ရိုက်နှက်ဆုံးမမှုတွေ။

ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။

အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့
အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47နဲ့သွားကြမ်းပါတော့တယ်။

ဒီလို အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက် အိမ်ထောင်ကျလို ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါမှာတော့…

image