#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မောင့်လီဝိုတိုဘီလာကီ-လာကီမီးတောင် ပေါက်ကွဲ၊ ချော်ပြာများ မှုတ်ထုတ်
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ မောင့်လီဝိုတိုဘီလာကီ- လာကီမီးတောင်သည် စက်တင်ဘာ ၁၉ ရက်တွင် ပေါက်ကွဲမှုများအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီးမီးတောင်ပြာမှုန့်များကို အမြင့် ၂ ဒသမ ၅ ကီလိုမီတာအထိ မှုတ်ထုတ်ခဲ့ကြောင်း သိရသည်။
အထက်ပါ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်များသည် မောင့်လီဝိုတိုဘီလာကီ- လာကီမီးတောင်အတွက် အန္တရာယ်သတိပေးချက်အဆင့်ကို အမြင့်ဆုံးသို့ မြှင့်တင်ခဲ့ရ သည်။
အမြင့် ၁၅၈၄ မီတာရှိသော မောင့်လီဝိုတိုဘီ လာကီ- လာကီမီးတောင်သည် အင်ဒိုနီးရှားအရှေ့ပိုင်းဖလောရပ်စ်ကျွန်းပေါ်၌ တည်ရှိသည်။
အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် ပေါ်ထွက်လာသည့် မီးတောင်ချော်ပြာများသည် လေဆိပ်များ၏ လုပ်ငန်းလည်ပတ်မှုနှင့် လေကြောင်းလမ်းများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာနိုင် ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက သတိပေးထားသည်။
ယခုနှစ်ဇူလိုင်လကလည်း မောင့်လီဝိုတိုဘီလာကီ- လာကီမီးတောင်ပေါက်ကွဲခဲ့ပြီး မီးတောင်ချော်ပြာများကို အမြင့် ၁၈ ကီလိုမီတာအထိ မှုတ်ထုတ်ခဲ့ရာ လေကြောင်းခရီးစဉ် ၂၄ ခု ဖျက်သိမ်းခဲ့ရဖူးသည်။
ရိုက်တာ