#ယနေ့ထုတ်သတင်းစာ_သတင်း
◼ တာ့ခ်ခရိုင်တွင် ဆိုင်ကယ်များဖြင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၂၀ အဖမ်းခံရ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် ဆိုင်ကယ်လေးစီးဖြင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂ဝ ကို စက် တင်ဘာ ၁၈ ရက်ညတွင် နယ်စပ်တပ်ဖွဲ့များကဖမ်းဆီးခဲ့ကြောင်း သိရ သည်။
မဲဆောက်မြို့နယ် ဘန်ဝမ်ကဲရွာအနီးရှိ မြစ်တစ်လျှောက် ရာ့ချ်မာနူ အထူးတပ်ဖွဲ့ကင်းလှည့်စဉ်အတွင်း မြန်မာနိုင်ငံသား ၂ဝ၊ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးကိုးဦးနှင့် ကလေးသုံးဦးအား မော်တော်ဆိုင်ကယ်လေးစီးဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂ဝ ရက်က နရဲစွမ်အထူးတပ်ဖွဲ့ (Naresuan Task Force) က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသား ၂၀ သည် တရားဝင်ခွင့်ပြုချက် စာရွက်စာတမ်း မပါရှိဘဲ နယ်စပ်လမ်းကြောင်းမှ ဝင်ရောက်လာကြောင်း ဝန်ခံခဲ့သည့်အတွက် ဥပဒေအရအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့လွှဲပြောင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်မနက်ကလည်း ကန်ချနဘူရီပြည်နယ် သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ - Naresuan Task Force