10 w - Translate

စူပါတိုင်ဖွန်းမုန်တိုင်း - အချင်းမိုင် ၇၃၆ မိုင် အကြွင်းအကျန်များဝင်ရောက်လာချိန် အထူးသတိထားရန်⭕⭕‼️‼️
Weather Station Track အရလည်း ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းအကြွင်းအကျန်လမ်းကြောင်းအောက်ဘက်ကို ကျမှာ သေချာသလောက်ရှိနေပြီဖြစ်တဲ့အတွက် -
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ စူပါတိုင်ဖွန်း RAGASA သက်ရောက်မှု အများဆုံးဖြစ်နိုင်မည့်အခြေအနေ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။
မုန်တိုင်းတိုက်ရိုက်ဝင်တိုက်နှိုင်မှာမဟုတ်သော်လည်း အနိမ့်ပိုင်းဒေသတွေက ရပ်ကွက်/မြို့နယ်/ခရိုင်တွေမှာ ရုတ်တရက်ရေကြီးခြင်း၊ မြစ်ရေ/ချောင်းရေကြီးနိုင်ခြင်း(River Flood- Flash Flood- Surface Flood) နှင့် တောင်ထူထပ်တဲ့ဒေသတွေမှာ မြေပြို-တောင်ပြိုနိုင်ခြင်း(Landslide) ဖြစ်ပေါ်နိုင်ခြင်းများအပြင်၊
စူပါတိုင်ဖွန်းမုန်တိုင်းအရွယ်အစားက ဒီနေ့ SATCON မှ နောက်ဆုံးရတဲ့အချက်အလက်တွေအရ အချင်းမိုင် ၇၃၆ မိုင်ရှိနေတဲ့အတွက် မုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာချိန်မှာ အထူးသတိထားကြရမှာဖြစ်ကြောင်း ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးတင်ပြလိုပါတယ်။
(စက်တင်ဘာလ ၂၁ ရက် - ညနေ ၃ နာရီ ၂၀ မိနစ်)

imageimage