ပိဋကတ် (၃)ပုံ မယ်တော်ကြီးဆိုပြီး ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက် တရားဟောနေတဲ့ မုဒုံမြို့နယ်က အမျိုးသမီးကို အာဏာပိုင်များဖမ်းဆီး
စက်တင်ဘာ ၂၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းမှာ သူ့ကိုယ်သူ ပိဋကတ် (၃)ပုံ မယ်တော်ကြီးလို့ကြွေးကြော်ပြီး ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက် တရားဟောနေတဲ့ အမျိုးသမီးကို သက်ဆိုင်ရာ သံဃနာယကဆရာတော်တွေနဲ့ အာဏာပိုင်တွေက ဒီကနေ့ စက်တင်ဘာ ၂၀ ရက်နေ့၊ ညနေ ၄ နာရီအချိန်မှာ ဖမ်းဆီးထိန်းသိန်းလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီအမျိုးသမီးဟာ စန္ဒာဒေဝီမယ်တော်၊ ပါရမီမယ်တော်၊
ပိဋကတ် (၃)ပုံ မယ်တော်ကြီးဆိုတဲ့အမည်တွေနဲ့ ယခင်က ရေးမြို့ဘက်မှာ ထီးဖြူဆောင် အလှူခံတာတွေနဲ့ ပလ္လင်ပေါ်တက် တရားဟောတာတွေ ပြုလုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ရေးချောင်းဖျားဘက်ကနေ မွန်ပြည်သစ်ပါတီက မောင်းထုတ်လိုက်လို့ အတော်ကြာပျောက်သွားခဲ့ပြီးနောက် ဘီးလူးကျွန်းဘက်မှာ ပြန်ပေါ်လာခဲ့အတွက် အဲဒီ ဘီးလူးကျွန်းကနေ ထပ်မံ မောင်းထုတ်ထားသူလည်းဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဘီးလူးကျွန်းကနေ မောင်းထုတ်ခံရပြီးနောက် ယခုအခါမှာတော့ သံဖြူဇရပ်နဲ့ မုဒုံကြားက နှီးပဒေါ (ရွာသစ်)မှာ ထပ်မံပေါ်ပေါက်လာခဲ့တဲ့အတွက် ဓမ္မစက်နဲ့ အာဏာစက် ၂ ရပ်ပေါင်းစပ်ပြီး ဗုဒ္ဓဘာသာဝင်အများစုကို စိတ်သောကဖြစ်စေခဲ့သူ ၎င်းအမျိုးသမီးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ထိန်းသိမ်းကာ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး