10 ပတ် - ဘာသာပြန်ပါ။

လမ်းဘေးမှာ လေလွင့်နေတဲ့ အာဝုလေးမှာလည်း အသည်းနဲ့ပါ။ ဒီအာဝုလေးက အရုပ်ကောက်စက်တစ်ခုနားကို အမြဲတမ်းသွားပြီး အဲ့ဒီစက်ထဲက အစိမ်းရောင်အရုပ်လေးကို လိုချင်ခဲ့ရှာပါတယ်။
သူက မတ်တပ်လေးရပ်ပြီး အဲ့ဒီအရုပ်ထည့်ထားတဲ့ မှန်ကို လက်နဲ့ ကုတ်ကုတ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ ကောင်လေးတစ်ယောက်က ဒါကိုမြင်တွေ့သွားခဲ့ပြီး အာဝုလေးအတွက် အရုပ်ကောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအာဝုလေးကိုလည်း အရုပ်ကောက်စက်နားမှာရှိတဲ့ ဝန်ထမ်းတွေက မောင်းထုတ်တတ်ကြပါတယ်။ အဲ့ဒါကြောင့်လည်း ကောင်လေးက အာဝုလေးကို လက်ဆောင်ပေးချင်ခဲ့ပြီး ဒီအရုပ်လေးကို အရကောက်ပေးခဲ့ပါတယ်။
အဲ့ဒီနောက် အာဝုကို အရုပ်ပေးလိုက်ပြီး ဒီအာဝုလေးက သူအိပ်တဲ့အချိန်မှာလည်း ဒီအရုပ်လေးကို ဖက်ပြီး အိပ်လေ့ရှိပါတယ်။ အာဝုအတွက်တော့ အိမ်မရှိပေမယ့် မိသားစုဝင်တစ်ယောက် ရလိုက်သလို ခံစားရမှာ သေချာပါတယ်။

image