ပရီးမီးယားလိဂ်ရဲ့ ၅ ပွဲမြောက် ပွဲစဥ်မှာတော့ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို အမ်းမရိတ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ပထမပိုင်း ၉ မိနစ်မှာပဲ မန်စီးတီးဟာ အားလင်း ဟာလန်းရဲ့ ဂိုးနဲ့ ဦးဆောင်ကစားခဲ့ပေမဲ့ အာဆင်နယ်ဘက်က လူစားထိုးဝင်လာတဲ့ မာတင်နယ်လီက ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာပဲ အာဆင်နယ်အတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။

အာဆင်နယ်ဟာ နိုင်ပွဲမရတဲ့အတွက် အမှတ်လျော့ခဲ့ပြီး ၅ ပွဲကစားပြီးချိန်မှာ ဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ ၅ မှတ်ပြတ်နေပါတယ်။

မနေ့ကစားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးပွဲစဥ်မှာတော့ မန်ယူက အိုးထရပ်ဖို့ဒ်ကွင်းမှာ ချဲလ်ဆီးကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဒီရာသီအတွက် ဒုတိယမြောက် နိုင်ပွဲ ဖြစ်ပါတယ်။

ဒီအပတ်ကစားခဲ့တဲ့ ပွဲစဥ်အားလုံးရလဒ်တွေကတော့

ဘွန်းမတ်သ် ၀ - ၀ နယူးကာဆယ်
ဆန်းဒါးလန်း ၁ - ၁ အက်စတန် ဗီလာ
အာဆင်နယ် ၁ - ၁ မန်စီးတီး
လီဗာပူးလ် ၂ - ၁ အယ်ဗာတန်
ဘရိုက်တန် ၂ - ၂ တော့တင်ဟမ် ဟော့စပါး
ဘန်လေ ၁- ၁ နော့တင်ဟမ် ဖောရက်စ်
၀က်စ်ဟမ်း ၁ - ၂ ခရစ္စတယ်လ် ပဲလေ့စ်
ဝုဗ်စ် ၁ - ၃ လိဒ်စ်
မန်ချက်စတာယူနိုက်တက် ၂ - ၁ ချဲလ်ဆီး
ဖူလ်ဟမ် ၃ - ၁ ဘရန့်ဖို့ဒ်

Credit - BBC Burmese

#ဘောလုံးသတင်းစုံ

imageimage
+4