11 ပတ် - ဘာသာပြန်ပါ။

The Secret World of Arrietty (201
ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်မှာထွက်ရှိထားပြီး Imdb 7.7 ထိရရှိထားတဲ့မိသားစုကြည့်ရှုနိုင်တဲ့ ဂျပန်အန်နီမေးရှင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းမှာဆိုရင် အိမ်ထောင်ကွဲမိသားစုတစ်စုရဲ့ အပစ်-ပယ်ခံဖြစ်တဲ့ နှလုံး-ရော-ဂါသည် ကောင်လေး Sho ဟာ သူ့ရဲ့ရောဂါခွဲစိတ်မှုမပြုလုပ်ခင်မှာအနားယူနိုင်ရန် သူ့အမေငယ်စဉ်ကနေထိုင်ကြီးပင်းခဲ့တဲ့သူ့ရဲ့အဖွားလေး ဖြစ်သူ အန်တီSadako နဲ့ အိမ်ထိန်းမိန်းမကြီး Haru တို့ရဲ့အိမ်သို့ခတ္တပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်။
ထို့အတူ Sadako အိမ်ကြီးရဲ့ မြေအောက်ရှိအိမ်လေးထဲတွင်လည်း လက်မအရွယ်လောက်ရှိတဲ့ ဆယ့်လေးနှစ်အရွယ်Arrietty ဆိုတဲ့မိန်းမငယ်လေးဟာ သူမရဲ့မိဘတွေနဲ့အတူနေထိုင်လျက်ရှိပါတယ်။
Arrietty တို့မိသားစုဟာ သူတို့ကိုယ်သူတို့ ချေးငှားသူများလို့အမည်ခံယူထားပြီး ညအချိန်များတွင်လူနေအိမ်ခြေများသို့ဝင်ကာ အိမ်သုံးပစ္စည်းများခိုးယူ ယူဆောင်လေ့ရှိပေမဲ့ သူတို့ယူခဲ့တဲ့ပစ္စည်းတွေဟာ လူတွေအဖို့နစ်နာမှုမရှိနိုင်တဲ့ ဆား သကြား တစ်ပွင့်နှစ်ပွင့် တွယ်ချိတ် အစရှိတဲ့အသေးမွှားလေးများပဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ Arrietty ဟာ သူမရဲ့ပထမဆုံးချေးငှားခြင်းစလုပ်တဲ့ညမှာပဲSho ရဲ့ အိပ်ခန်းထဲမှာရှိတဲ့ တစ်ရှူး ကိုသွားယူရာမှ မတော်တဆ Sho မြင်တွေ့သွားခဲ့ရာမှာတော့….။
အဲ့ဒီနောက်ဘာဆက်ဖြစ်မလဲ Sho နဲ့ Arrietty တို့ဘယ်လိုရှေ့ဆက်မလဲ ဘယ်လိုအခက်ခဲတွေကြုံလာရမလဲဆိုတာ ဇာတ်လမ်းကိုသာ ဆက်ကြည့်လိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image