5 ပတ် - ဘာသာပြန်ပါ။

မွှေး၊ကုသိုလ်ကြမ္မာမမီပါခဲ့၊အတွတ်ရေ၊ကျွန်တော် တင်အောင်ထွန်း
“အမှန်တော့ သူတို့အားလုံး ခြောက်ပြစ်ကင်း သဲလဲစင်များ မဟုတ်ကြပါ။ ကျွန်မဇာတ်ကောင် များမှာ အပြစ်အနာအဆာကလေးများနှင့်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူသားများ ဖြစ်သောကြောင့်တည်း။”
~’အစဉ်ပျံ့မွှေးနေသော မွှေး’မှ
မြန်မာ့စာပေမှာ ဂန္တဝင်လို့တင်စားရတဲ့ ဒီ ‘မွှေး’သတင်းဟာဖြင့် စာပေနယ်ပယ်မှာ အင်မတန်မွှေးပျံ့ခဲ့ပြီးသားပါ။ မဖတ်ဖူးတာပဲရှိမယ်၊မသိသူမရှိလောက်အောင် စာပေနယ်ပယ်မှာတော့ နေရာတစ်နေရာယူထားဆဲဖြစ်ပါတယ်။ အခု ‘မွှေး
ပေါင်းချုပ်ဟာ တစ်အုပ်ချင်းစီတိုင်းကလည်းရသမြောက်သလို တစ်အုပ်ပြီးတစ်အုပ်ဖတ်သွားလျှင်လည်း အရသာမပေါ့သွားဘူးဆိုတဲ့ ထူးခြားမှုတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။
အစဉ်ပျံ့မွှေးနေသောမွှေး ခေါင်းစဉ်နဲ့ ဆရာမခင်နှင်းယုကိုယ်တိုင် ရေးထားတဲ့ထဲမှာ ရှုမဝဦးကျော်က ဒီလိုဆိုခဲ့တယ်တဲ့။
“ကျွန်တော် မွှေးကို သဘောကျတာကတော့ အကျည်းတန်တဲ့ မိန်းကလေးတယောက် အနေနဲ့ ယောက်ျားသုံးယောက်ရဲ့အချစ်ကို ရခဲ့တာကိုပဲ သဘောကျတယ်”
မွှေးဝတ္ထုမှာ အဓိကလေးယောက်။အဲ့ဒီလေးယောက်ကို လူသားတွေဖြစ်
အောင် အားထုတ်ထားတယ်။ ခြောက်ပြစ်ကင်းသဲလဲစင် တစ်ယောက်မှမပါ။ ဒါကိုကလည်း လူသားဆန်ခြင်းပါတဲ့။ ကိုယ်ဖန်တီးထားတဲ့ လက်ရာဇာတ်ကောင်ကို ကိုယ်တိုင်ပြန်သုံးသပ်ပြတာထက် ဘယ်အရာကများ ပိုတိကျလိမ့်မလဲ။ ဆရာမခင်နှင်းယုကတော့ မွှေးရယ်၊ အတွတ်ရယ်၊ ကိုကိုနိုင်ရယ်၊ တင်အောင်ထွန်းရယ် ကို အခုလိုပဲ ခြုံငုံပြထားတယ်။
“ မွှေးသည် မိသားစုတာဝန်ကိုထမ်းဆောင်ရင်း ကိုယ့်ကိုယ်ကိုအတွက်လည်း ဇွဲနှင့်ကြိုးစားသော မိန်းကလေးတယောက်ဖြစ်သည်။ သဘောထားကြီးသည်။ ကိုယ်ရေးစွန့်၍ အနစ်နာခံသည်။”
“ကိုကိုနိုင်သည်လည်း အရာရာ ခွင့်လွှတ်နိုင်စွမ်းသော တာဝန်ယူရဲသော စိတ်ထား မြင့်မြတ်သည့် ယောက်ျားတယောက် ဖြစ်ခဲ့သည်။”
“အတွတ်ကတော့ နှုတ်နည်း၍ အရာရာနောက်ကျတတ်သော အချိန်ကို မတွက်ဆတတ်သော သူငယ်ဖြစ်သည်မှလွဲ၍ မွှေးအပေါ် စေတနာစစ်နှင့် ချစ်သူတယောက်ဖြစ်၏။”
“ဖရက်ဒီကတော့ ရေလိုပါပင်တည်း။ ထည့်ရာခွက်ပုံသဏ္ဌာန်လိုက်၍ ဆိုးသောအရောင်သို့ ပြောင်းလဲလွယ်သော သူတယောက်။”
ဇာတ်ကောင်လေးယောက်အတွက်ဘတစ်အုပ်စီလားလို့ အစကထင်မိတယ်။တင်အောင်ထွန်း(ခေါ်) ဖရက်ဒီ သိက္ခာအဖတ်ဆယ်ဖို့အတွက် ‘ကျွန်တော်
တင်အောင်ထွန်း’စာအုပ်၊ အတွတ်ရဲ့ ခမ်းနားတဲ့မေတ္တာအချစ်သက်သေအတွက် ‘ကုသိုလ်ကြမ္မာမမီပါခဲ့’၊ မေတ္တာအရင်းခံပြီး မွှေးကို သေတဖန်သက်တဆုံးချစ်သွားခဲ့တဲ့ကိုကိုနိုင်အတွက် ‘အတွတ်ရေ’၊ပြီးတော့ မွှေးအတွက် ‘မွှေး’။
ဆိုပေမယ့်….
မွှေးရဲ့ရုပ်ပုံကို အသေးစိတ်ခြယ်မှုန်းတာက ‘မွှေး’။ ‘ကုသိုလ်ကြမ္မာမမီပါခဲ့’မှာက သူမရဲ့ ဆွဲဆောင်မှု၊ညို့အားတွေဖြစ်ပြီး၊ သူမရဲ့အစစ်အမှန်အလှတရားကို အတွတ်ရေမှာ မြင်ခဲ့ရတယ်။ သူမရဲ့ကျက်သရေဟာ ‘ကျွန်တော်တင်အောင်ထွန်း’မှာ ဝင့်ထည်ခဲ့တယ်။
မွှေးဟာ စာအုပ်တိုင်းမှာ မွှေးပျံ့နေခဲ့တဲ့ ပန်းလေးတစ်ပွင့်ပါပဲ။

image