ကြက်တူရွေးပန်း @ Heliconia
#ကြက်တူရွေးပန်းပင်
နေ့စဉ်မြင်ရပေမည့် သူ့အကြောင်းသိသူ နဲတဲ့ပန်းထဲမှာ ကြက်တူရွေးပန်းလေးတွေလည်းပါတယ်၊ အပင်ပုံစံက နှစ်ရှည်ခံပင် ပင်ပြော့ အမျိုး ၊ ဥယျာဉ်တွေ အိမ်တွေမှာ အလှစိုက်ကြတယ်၊ ပန်းခိုင် မှာ အထင်ရှားဆုံးက ကြက်သွေးနီရောင် တောက်ပနေသော ပွင့်ခံရွက် bracts များဖြစ်တယ်၊ ပန်းပွင့်ရင် ပုံထဲကလို တွဲလျားကျစွာ ပွင့်ကြတယ် ၊ ပုံစံက ငှက်ပြောပင်လိုလို ရွှေပန်းငွေပန်းပင်လိုလိုဆိုတော့ မျိုးရင်းအမည်ကို ငှက်ပြောမျိုးရင်း Musaceae ဒါမှမဟုတ် Zingiberaceae လို့ အစက ထင်ခဲ့မိတယ်၊ အခုတော့ မျိုးစုအမည်ကိုလိုက်ပြီးပေးထားသော မျိုးရင်း Heliconiaceae ဖြစ်မှန်းသိရတယ်၊
မြန်မာကသာ ကြက်တူရွေး ပန်းခေါ်ကြတာ English name က lobster claw ဆိုတော ပုဇွန်ထုပ်ကြီးရဲ့ လက်မ လို့ ခေါ်ရမလားဘဲ၊ မြန်မာအခေါ်က ရှင်းတယ် ဂဏန်းလက်မတဲ့ ၊ သေခြာကြည့်တော့ တူသား၊ မူရင်းဒေသက ပီရူး ၊ ဘိုလီးဗီးယား ၊ ကိုလံဘီယာ၊ ကော်စတာရီကို ဖြစ်တယ်၊ ပုံထဲက ကြက်တူရွေးပန်းက အခုလို တွဲလျားကျနေပေမည့် ၊ ထောင်ပြီးပွင့်တဲ့ Heliconia မျိုးစိတ်တွေလည်းရှိသေးတယ်၊ ဒီအပင်ကိုတော့ Heliconia bihai လို့ခေါ်ပြီး ခွက်ပုံစံဖြစ်နေသော ပွင့်ခံရွက် bracts တွေထဲမှာ ရေတွေရှိနေတတ်တယ်၊ ရွာချသော မိုးရေတွေက ခွက်ထဲရောက်နေတော့ အင်းဆက်လေးတွေ ငှက်အငယ်လေးတွေအတွက် သောက်သုံးစရာရေရတာပေါ့၊ တွဲလျားကျနေတဲ့ ကြက်တူရွေးပန်းလေးတွေမှာ nector (ဝတ်ရည်) တွေရှိကြတယ် Humming bird လို့ခေါ်တဲ ငှက်ပိတုန်း ငှက်ငယ်လေးတွေအတွက် ဒီပန်းလေးတွေက လက်ခံပန်း Host flowers ဖြစ်ပြီး သူတို့ ဘဝအတွက်အရေးပါလှတယ်၊
ဒီပန်းလေးက Bolivia ဘိုလီဘီးယား နိုင်ငံရဲ့ national flower ပန်းတပွင့်ဆိုရင် မိတ်ဆွေ အံသြသွားမှာပါ၊ သာမန်ပန်းလေးမဟုတ်ဘဲ နိုင်ငံတခုရဲ့ အမျိုးရေးပန်းလေးတပွင့် ဖြစ်နေလိို့လေ
