🍜ဆိုင်​ကြော်နဲ့တူတဲ့ ခေါက်ဆွဲ အိအိလေးကြော်နည်း🍜
🍜အရင်ဆုံး ခေါက်ဆွဲကိုပြုတ်ပီး
ပဲငံပြာရည် အကြည် ၊အ​နောက်ခရုဆီတို့နဲ့ နှယ်ထားပါ
🍜ပြီးရင် အသားကို ကြက်သွန်ဖြူ ၊ဆား ၊ပဲငံပြာရည် ထည့်ကြော်မယ်
🍜အရွက်​ထည့်ကြော်မယ် ပီးရင်​ခေါက်ဆွဲထည့်
ပဲငံပြာရည် အကြည် အ​နောက်
ငံပြာရည်နည်းနည်း
ဆားနည်းနည်း
ကြက်ပြုတ်ရည်
ငရုတ်​ကောင်း
အားလုံးထည့်​မွှေပီး ကြော်ပါတယ် ကြက်ပြုတ်ရည်​ (သို့)ရေလေး ထည့်ထည့်ပီး ခေါက်ဆွဲသား​တွေ အိ​ထွေးလာတဲ့ထိ ကြော်ပီး
ချခါနီးမှာ ရှမ်းနံနံ​လေးထည့်လိုက်ရင် ဆိုင်​ကြော်လို ခေါက်ဆွဲ​ကြော်​လေးရပါပီ 😍
ခေါက်ဆွဲကြော်ကလေ ထည့်တဲ့ပစ္စည်းတွေ အကုန်တူရင်တောင် ခေါက်ဆွဲ တံဆိပ်မတူရင် အနံ့အရသာမတူ ပါဘူး
မြန်မာပြည်က ဆိုင်​ကြော်​ခေါက်ဆွဲအရသာမျိုးရချင်ရင် မြန်မာပြည်က စွန်ညီနောင် ရွှေဥ​ဒေါင်း တို့လိုဂျုံခေါက်ဆွဲနဲ့ကြော်မှ အဲဒီအရသာမျိုးရပါတယ်…

image