🍜ဆိုင်ကြော်နဲ့တူတဲ့ ခေါက်ဆွဲ အိအိလေးကြော်နည်း🍜
🍜အရင်ဆုံး ခေါက်ဆွဲကိုပြုတ်ပီး
ပဲငံပြာရည် အကြည် ၊အနောက်ခရုဆီတို့နဲ့ နှယ်ထားပါ
🍜ပြီးရင် အသားကို ကြက်သွန်ဖြူ ၊ဆား ၊ပဲငံပြာရည် ထည့်ကြော်မယ်
🍜အရွက်ထည့်ကြော်မယ် ပီးရင်ခေါက်ဆွဲထည့်
ပဲငံပြာရည် အကြည် အနောက်
ငံပြာရည်နည်းနည်း
ဆားနည်းနည်း
ကြက်ပြုတ်ရည်
ငရုတ်ကောင်း
အားလုံးထည့်မွှေပီး ကြော်ပါတယ် ကြက်ပြုတ်ရည် (သို့)ရေလေး ထည့်ထည့်ပီး ခေါက်ဆွဲသားတွေ အိထွေးလာတဲ့ထိ ကြော်ပီး
ချခါနီးမှာ ရှမ်းနံနံလေးထည့်လိုက်ရင် ဆိုင်ကြော်လို ခေါက်ဆွဲကြော်လေးရပါပီ 😍
ခေါက်ဆွဲကြော်ကလေ ထည့်တဲ့ပစ္စည်းတွေ အကုန်တူရင်တောင် ခေါက်ဆွဲ တံဆိပ်မတူရင် အနံ့အရသာမတူ ပါဘူး
မြန်မာပြည်က ဆိုင်ကြော်ခေါက်ဆွဲအရသာမျိုးရချင်ရင် မြန်မာပြည်က စွန်ညီနောင် ရွှေဥဒေါင်း တို့လိုဂျုံခေါက်ဆွဲနဲ့ကြော်မှ အဲဒီအရသာမျိုးရပါတယ်…