5 ပတ် - ဘာသာပြန်ပါ။

အများသုံးအိမ်သာတွေမှာ ကြော်ငြာကြည့်မှ အိမ်သာသုံးစက္ကူယူလို့ရတဲ့ တရုတ်နိုင်ငံရဲ့နည်းစနစ်သစ်ကြောင့် ဝေဖန်မှုတွေ မြင့်တက်
တရုတ်နိုင်ငံမှာ အိမ်သာသုံးစက္ကူအလေအလွင့်ဖြစ်တာကို လျှော့ချဖို့ ရည်ရွယ်ပြီး အများသုံးအိမ်သာမှာ လုပ်ဆောင်ခဲ့တဲ့ နည်းစနစ်အသစ်က သုံးစွဲသူတွေကြား ဝေဖန်ပြောဆိုမှုတွေ မြှင့်တက်လို့နေပါတယ်။ အများသုံးအိမ်သာမှာ အိမ်သာသုံးစက္ကူကို သုံးဖို့ဆိုရင် ကြော်ငြာတွေကြည့်ပေးဖို့လိုတဲ့ စနစ်ကို မိတ်ဆက်ခဲ့တာပါ။
အများသုံးအိမ်သာအသုံးပြုတဲ့သူက အိမ်သာသုံးစက္ကူထားတဲ့အပေါ်က QR Code ကို ဖတ်ပြီးတော့ ကြော်ငြာကြည့်ပေးရပါတယ်။ ကြော်ငြာအတိုကြည့်ပြီးတဲ့နောက်မှာ အိမ်သာသုံးစက္ကူကို အကန့်အသတ်နဲ့ ထုတ်ပေးပါတယ်။ ကြော်ငြာတိုမကြည့်ဘဲနဲ့ အိမ်သာသုံးစက္ကူကို ယူလို့မရပါဘူး။
သုံးစွဲသူတွေက ကြော်ငြာကို ကျော်ပစ်ချင်ရင် ယွမ် ၀.၅ ပေးဆောင်ရပါတယ်။ ဒီစနစ်က အိမ်သာသုံးစက္ကူပမာဏအများကြီးသုံးကြတယ်ဆိုတဲ့ ထုတ်ပြန်မှုတွေရှိနေတာကြောင့် အလွန်အကျွံသုံးစွဲတာကို တားဆီးဖို့ အာဏာပိုင်တွေရဲ့ကြိုးပမ်းမှုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်နဲ့ပတ်သက်ပြီး အိမ်သာသုံးစက္ကူယူဖို့ QR Code ကို ဖတ်ဖို့ဆိုရင် ဖုန်းက အားကုန်နေတဲ့အခြေအနေ၊ အင်တာနက်မရတဲ့အခြေအနေမျိုးဆို ဘယ်လိုလုပ်မလဲဆိုတဲ့ ပြောဆိုမှုတွေရှိနေပါတယ်။
အိမ်သာသုံးစက္ကူအလွန်အကျွံသုံးတာကို လျှော့ချဖို့ အာဏာပိုင်တွေက ဒီစနစ်ကို လုပ်ဆောင်ခဲ့ပေမဲ့ သုံးစွဲသူတွေက အဆင်မပြေဖြစ်မှုတွေကို ရှောင်ရှားဖို့ သူတို့ရဲ့ကိုယ်ပိုင်အိမ်သာသုံးစက္ကူတွေယူဆောင်လာဖို့ပဲ ဆန္ဒရှိနေကြပါတယ်။

image