11 ပတ် - ဘာသာပြန်ပါ။

လူတစ်ယောက်ဟာ အုန်းပင်ပေါ်ကနေ ပြုတ်ကျတဲ့အခါ ကျော၊ လည်ပင်း၊ ပုခုံးနဲ့ ဦးခေါင်းတို့ကို ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရစေနိုင်ပြီး အချို့အခြေအနေတွေမှာ ေxသဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်
၁၉၈၄ ခုနှစ်မှာ လေ့လာမှုတစ်ခု ထွက်ပေါ်လာပြီးနောက် အုန်းသီးကြောင့် ေxသဆုံးသူအရေအတွက်နဲ့ ပတ်သက်ပြီး ချဲ့ကားပြောဆိုမှုတွေဟာ စတင်ပြန့်နှံ့လာခဲ့ပါတယ် အဲ့ဒီထဲမှာ အုန်းပင်ပေါ်ကပြုတ်ကျတာ ထိုင်နေရင်းနဲ့ ခေါင်းပေါ်ကိုအုန်းသီးကြွေကျတာတွေပါဝင်ခဲ့ပါတယ် လူအများရဲ့ ယုံတမ်းစကားအရ အုန်းသီးကြောင့် နှစ်စဉ်လူတွေ ေxသဆုံးနေရတယ်လို့ ဆိုပါတယ်
၂၀၀၂ ခုနှစ်မှာ ငါမန်းကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ အစီရင်ခံစာအရ ငါမန်းကြောင့် တစ်နှစ်ကို လူ ၅ ဦး ေxသဆုံးနေရတယ်လို့ထုတ်ပြန်ခဲ့ပါတယ် အဲ့ဒီအချိန်ကစပြီး ဒီအချက်ကိုအခြေခံကာ အုန်းသီးနဲ့ပတ်သက်ပြီး ေxသဆုံးမှုတွေနဲ့ နှိုင်းယှဉ်ပြောဆိုလာပါတယ်
ဒါကြောင့် တစ်နှစ်ကို ကမ္ဘာတစ်ဝန်းမှာ အုန်းသီးကြောင့် လူ ၁၅၀ ေxသဆုံးပြီး ငါမန်းကြောင့် လူ ၅ ဦး ေxသဆုံးနေရတယ်ဆိုကာမကြာခဏဆို နှိုင်းယှဉ်ပြောဆိုကြပါတယ်
၂၀၀၂ ခုနှစ်မှာ သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်က အာဏာပိုင်တွေဟာ ကမ်းခြေတွေက အုန်းပင်တွေကို ဖယ်ရှားပစ်တာဟာလည်း ပြုတ်ကျတဲ့ အုန်းသီးတွေရဲ့ အန္တရာယ်ကို စိုးရိမ်လို့ ဖြစ်ပါတယ် သတင်းစာတစ်စောင်ကဆိုရင် အုန်းသီးတွေကို "လူသxတ်သမားအသီး" လို့တောင် နာမည်ပေးခဲ့ပါတယ်
အုန်းသီးကြောင့် ေxသဆုံးမှုတွေဟာ ၁၇၇၀ ပြည့်လွန်နှစ်တွေကတည်းက သမိုင်းမှတ်တမ်းတွေရှိခဲ့ပါတယ် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်တပ်က အက်ဆစ်နဲ့ လက်ပစ်ဗုံးတွေထည့်ပြီး "အုန်းသီးဗုံး"အဖြစ် အသုံးပြုခဲ့တယ်လို့ သိရပါတယ်

image