ဆီဘောက်ဆာကားကို ဆိုင်ကယ်မှဝင်တိုက် ဆိုင်ကယ်စီးလာသူ G-12 ကျောင်းသား သေဆုံး
စက်တင်ဘာ - ၁၉
တနင်္သာရီတိုင်း ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် မြရည်ပုလဲလမ်း မူးယစ်ကုန်း အနီးတွင် ဆီဘောက်ဆာကားကို ဆိုင်ကယ်ကဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်စီးလာသူ G-12ကျောင်းသား နေရာတွင် သေဆုံးသွားခဲ့ပါတယ်။
ယနေ့ စက်တင်ဘာ၁၉ရက် နံနက် ၈နာရီကျော်အချိန်က မူးယစ်ကုန်းအနီးတွင် ယာဥ်မောင်းကျော်နိုင် လင်း မောင်းနှင်လာတဲ့ ဆီဘောင်ဆာယာဥ်သည် ရွှေပြည်သာရပ်ကွက်ဘက်မှ မြရည်ပုလဲလမ်းအတိုင်း အေးရိပ်ငြိမ်ဘက်သို မောင်းနှင်လာခဲ့ပါတယ်။
အလားတူ အေးရိပ်ငြိမ်ရပ်ကွက်မှ ရွှေပြည်သာရပ်ကွက်သို့ မောင်းနှင်လာတဲ့ Grade - 12 ကျောင်းသား အသက်၁၈နှစ်အရွယ် မောင်ပြည့်ဦးပိုင် ဗန္ဓုလလမ်း ရွှေပြည်သာရပ်ကွက်နေသူ မောင်းနှင်လာတဲ့ Click ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ ဆီဘောင်အား ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။