5 ပတ် - ဘာသာပြန်ပါ။

Book Review by YC Batch (13) member
ယွန်းဝတီဦး
📒ဆုလာဘ်
Author - ချမ်းမြေ့ဝင်း

💁ဆုလာဘ်မှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အောဂတ်စ်လေးက အသက်(1နှစ်အရွယ်မှာ ပထမဆုံးအနေနဲ့ အလယ်တန်းကျောင်းတစ်ကျောင်းဖြစ်တဲ့ ဘီချာမှာကျောင်းတက်ဖို့ ဖြစ်လာပါတယ်။

🌟အောဂတ်စ်လေးက သာမန်နဲ့မတူတဲ့ ထူးခြားတဲ့ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ကောင်ကလေးဖြစ်တာ‌ကြောင့် သာမန်ဆန်တာနဲ့ နေသားကျနေတဲ့ လူ့လောကကြီးမှာ ထူးခြားနေပြီဆိုရင် အထူးအဆန်းဖြစ်ကြတယ်။

🌟အောဂတ်စ်ကလေးကို စမြင်တဲ့လူတိုင်းက လှောင်‌ပြောင်၊သနားကြတဲ့အပေါ်မှာ အောဂတ်စ်အနေနဲ့ ဘယ်လို ခံစားရမလဲ။
- မိသားစု‌ဝင်တွေကရော စိတ်ပိုင်းဆိုင်ရာ လုံခြုံမှူကို ဘယ်လို ဖန်တီးပေးမလဲ။
-သူတို့နဲ့နေရတာ တကယ် ပျော်ရွင်ရပါ့မလား။
-ကျောင်းမှာရော သူငယ်ချင်းအသစ်တွေနဲ့ ဘယ်လို ပေါင်းသင်းမလဲ။
🌟ဒါတွေကို ကောင်းကောင်းကြီး ဖတ်ရမယ့် တန်လွန်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

📌အောဂတ်စ်က တကယ် စိတ်ဓာတ်သန်မာ မာကျောတဲ့ ကျောက်တုံးကလေးဖြစ်ပြီး ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့သလဲဆိုတာကို မြင်ရတော့
📌ကိုယ့်အနေနဲ့ဆိုရင် တစ်သက်လုံး ရှောင်ပုန်းနေမိမှာကို သတ္တိရှိရှိ ရင်ဆိုင်သွားပုံက လေးစားဖို့ကောင်းလွန်းပါတယ်။
"လူတိုင်းဟာ.. တစ်သက်မှာ တစ်ခါတော့ အားလုံးရဲ့ မတ်တပ်ရပ်၊ လက်ခုပ်တီး ကောင်းချီးဩဘာပေးတာကို ခံစားဖူးသင့်တယ်။ ကျွန်တော်တို့ အားလုံးဟာ အခက်အခဲ မှန်သမျှကို ကျော်ဖြတ်နိုင်မယ့်သူတွေပဲလေ

image