မြဝတီမြို့တွင် မီး​လောင်မှုဖြစ်ပွား
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်၄ ရပ်ကွက်၊ ​အေးသာယာလမ်းမှာ စက်တင်ဘာ ၁၈ ရက်​ မနေ့ ည ၉ နာရီ လောက်က မီး​လောင်မှုဖြစ်ပွားလို့ လူနေအိမ်ငယ်တလုံးနဲ့ ဈေးဆိုင်ခန်းတခန်း ပျက်စီးဆုံးရှုံးသွားပါတယ်။
ပိုင်ရှင်အိမ်မှာမရှိချိန် ဘယ်ထရီအိုး​ပေါက်ကွဲပြီး မီးစတင်​လောင်တယ်လို့ ယူဆရ​ပေမဲ့ ​မီးစတင်​လောင်ရတဲ့ အကြောင်းရင်းကို သေချာမသိရ​သေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
မီး​လောင်မှုကြောင့် ဆုံးရှုံးမှု ကျပ်​ငွေသိန်း ၁.၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းပြီး အိမ်ပိုင်ရှင်ကိုတော့ မြဝတီမြို့မရဲစခန်းက စစ်ဆေးမေးမြန်းနေတယ်လို့လည်း ဆိုပါတယ်။
မီး​လောင်မှုကို မြဝတီခရိုင်မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တွေက လာရောက်ပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။

image