မြဝတီမြို့တွင် မီးလောင်မှုဖြစ်ပွား
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်၄ ရပ်ကွက်၊ အေးသာယာလမ်းမှာ စက်တင်ဘာ ၁၈ ရက် မနေ့ ည ၉ နာရီ လောက်က မီးလောင်မှုဖြစ်ပွားလို့ လူနေအိမ်ငယ်တလုံးနဲ့ ဈေးဆိုင်ခန်းတခန်း ပျက်စီးဆုံးရှုံးသွားပါတယ်။
ပိုင်ရှင်အိမ်မှာမရှိချိန် ဘယ်ထရီအိုးပေါက်ကွဲပြီး မီးစတင်လောင်တယ်လို့ ယူဆရပေမဲ့ မီးစတင်လောင်ရတဲ့ အကြောင်းရင်းကို သေချာမသိရသေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှု ကျပ်ငွေသိန်း ၁.၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းပြီး အိမ်ပိုင်ရှင်ကိုတော့ မြဝတီမြို့မရဲစခန်းက စစ်ဆေးမေးမြန်းနေတယ်လို့လည်း ဆိုပါတယ်။
မီးလောင်မှုကို မြဝတီခရိုင်မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်တပ်ဖွဲ့တွေက လာရောက်ပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။


