11 w - Translate

အမေရိကန်နိုင်ငံ ကန်တပ်ကီပြည်နယ်က ခြံပိုင်ရှင် Jeff Permar ဟာ သူ့ရဲ့ ခြံထဲမှာ ခြံထွက်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ သခွားသီးနဲ့ မုန်လာဥနီတွေ ထူးဆန်းစွာ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပါတယ်
ဒါကြောင့် သူဟာ ခြံထဲကိုခိုးဝင်တဲ့ လူ ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်ကို ဖမ်းမိဖို့အတွက် ကင်မရာကို တပ်ဆင်ခဲ့ပါတယ်
ကင်မရာရဲ့ မှတ်တမ်းကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ မမျှော်လင့်ဘဲ ဝဖြိုးနေတဲ့မြေကြွက်လေးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ် ပိုပြီး အံ့အားသင့်စရာကောင်းတာက အဲဒီမြေကြွက်လေးဟာ ကင်မရာရှေ့မှာကို အေးအေးဆေးဆေးနဲ့ ပုံစံအမျိုးမျိုးပြပြီး ဟင်းသီးဟင်းရွက်တွေကို စားသောက်နေတာဘဲဖြစ်ပါတယ်
သူ့ရဲ့ ပုံစံက ခိုးစားနေတဲ့ ပုစံလိုမဟုတ်ဘဲ သာမန်အတိုင်း အေးအေးဆေးဆေး ကင်မရာရှေ့မှာ စားနေသလိုဖြစ်တာကြောင့် Permar ဟာ သူ့ကို Chunk လို့ နာမည်ပေးခဲ့ပါတယ်
Permar ဟာ ဒီမြေကြွက်လေးကို ဖမ်းဆီးခဲ့ခြင်းမပြုလုပ်ဘဲ သူ့ရဲ့ YouTube Channel မှာ "Chunk the Groundhog"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုတွေကို တင်ခဲ့ပါတယ် ဒီဗီဒီယိုတွေဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်
Chunk ရဲ့ နာမည်ကြီးမှုကြောင့် Permar ဟာ သူ့ရဲ့ YouTube Channel မှာ ဗီဒီယိုတွေ ဆက်လက်တင်ခဲ့ပြီး သီးနှံတွေ ဆုံးရှုံးရပေမယ့် ဒီဗီဒီယိုတွေကနေ ရရှိတဲ့ ဝင်ငွေနဲ့ ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image