ပင်ပန်းလားလို့ မေးရင်
အရမ်းကို ပင်ပန်းနေပါပြီ
ဒါပေမယ့် . . . . မနားရဲသေးဘူး
ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ဘ၀လေ ။
အနောက်ကို လှည့်ကြည့်လို့လဲ
ကျောထောက်နောက်ခံ ရယ်လို့ မရှိပါဘူး
ကျွန်မအပေါ် မျှော်လင့်ချက်တွေနဲ့
အားကိုးတကြီး ကြည့်နေရှာတဲ့
မျက်လုံးတွေပဲ တွေ့တယ်
ကျွန်မဘယ်သူ့ကိုမှလဲ အားမကိုးရဲဘူး
ကျွန်မ မိန်းမသားတစ်ယောက်ပါ
သို့သော် . . . . .
ဘယ်ပခုံးမှ မလိုအပ်ဘူး
ကျွန်မ ခြေထောက်ပေါ် ကျွန်မရပ်ဖို့
အတတ်နိုင်ဆုံးကြိုးစားတယ် ။
Credit